Connect with us

WORLD

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး အရေအတွက်သန်း၆၁၀ကျော်အထိ ထုတ်လုပ်နိုင်စွမ်းရှိ

တရုတ်နိုင်ငံပေကျင်းမြို့တော်ရှိSinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကိုဝန်ထမ်းတစ်ဦးကပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည်တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းသည် ယခုနှစ်ကုန်ပိုင်းအထိအရေအတွက် သန်း၆၁၀ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်အခြားသောနိုင်ငံများတွင် COVID-19 ကာကွယ်ဆေး ဝယ်လိုအားကိုပြည့်မီစေရန် လာမည့်နှစ်၌ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူZhengZhongweiကပေကျင်းမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြည်သူ့ထုတ်ကုန်တစ်ခုဖြစ်သည့်အားလျော်စွာ ကာကွယ်ဆေးများကို ရောင်းလိုအားနှင့်ဝယ်လိုအားထက် ကုန်ကျစရိတ်အရဈေးနှုန်းသတ်မှတ်သွားမည်ဖြစ်ကြောင်း Zheng ကဆိုသည်။ တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများတန်ဖိုးသည် အများပြည်သူများလက်သင့်ခံနိုင်သော နှုန်းထားဖြစ်မည်ဟု ၎င်းကဖြည့်စွက်ပြောခဲ့သည်။ကာကွယ်ဆေးများ လက်ခံမှုဦးစားပေးအနေဖြင့် ဗိုင်းရပ်စ်တွေ့ရှိမှုအန္တရာယ်မြင့်မားသော ပြည်သူများကိုပေးအပ်သွားမည်ဖြစ်ကြောင်း Zheng ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.