Connect with us

WORLD

COVID-19 ရောဂါလျစ်လျူရှုခဲ့သည့် သမ္မတထရမ့်အား နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဝေဖန်ထိုးနှက်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) အား မေ ၁၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု အပြီးတွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကိုမို(Andrew Cuomo) က နိုင်ငံအတွင်း လူပေါင်း ၂၂၀,၀၀၀ ကျော် အသက်သေဆုံးခဲ့ရပြီးဖြစ်သည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ သမ္မတထရမ့်၏ ကိုင်တွယ်ပုံ ဖြေရှင်းပုံအပေါ် အောက်တိုဘာ ၂၀ ရက်က ဝေဖန်ထိုးနှက်လိုက်ကြောင်း သိရသည်။

“ အမေရိကန်ပြည်သူတွေ ၂၂၁,၀၀၀ လောက် COVID-19 ရောဂါနဲ့ သေဆုံးခဲ့ရပြီးပါပြီ ၊ အဲဒါဟာ အမျိုးသားကပ်ရောဂါ တုံ့ပြန်ရေး မဟာဗျူဟာ တစ်ခုမဟုတ်ဘူးဆိုပြီး ပြည်သူတွေကို လိမ်ညာနေတုန်းပဲ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ပိုစ့်တစ်ခု တင်၍ ထရမ့်အား ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၅ ရက်က အိမ်ဖြူတော်၌ နှာခေါင်းစည်းချွတ်နေသော အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား တွေ့ရစဉ်(ဆင်ဟွာ)

ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုမိုက ၎င်း၏ ပိုစ့်ကို CNN သတင်းဌာန၏ “It’s going to disappear” ဆိုသည့် ဆောင်းပါးတစ်ပုဒ်နှင့်အတူ တွဲ၍ ဖော်ပြခဲ့သည်။

ယင်းဆောင်းပါထဲ တွင် ယခုနှစ် ဇူလိုင် ၁ ရက်က သမ္မတထရမ့် ပြောဆိုခဲ့သည့် “ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ သိပ်ကိုကောင်းစွာ လုပ်ကိုင်နေတယ်လို့ထင်ပါတယ်၊ ကျွန်တော်ထင်တာကတော့ အချို့အမှတ်မှာ ဒါက ကွယ်ပျောက်သွားမှာပဲလေ ၊ ကျွန်တော်မျှော်လင့်ပါတယ်” ဟူသော စကားရပ်ကို ပြန်လည် ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးကိုမိုက ပြည်ထောင်စုအစိုးရအနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေး ကာလအတွင်း၎င်း၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခဲ့ခြင်းမရှိကြောင်း ၊ ကပ်ရောဂါ လျင်မြန်စွာ ပြန့်နှံ့ခဲ့သည့် ပြီးခဲ့သော ၇ လအတွင်း အမေရိကန်ပြည်သူ သုံးပုံတစ်ပုံခန့်ကိုသာ စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးများအသင်း(NGA) က အောက်တိုဘာ ၁၇ ရက်တွင် သမ္မတထရမ့်အစိုးရအဖွဲ့ထံ မေးခွန်းများစာရင်းတစ်ခုကိုပေးပို့ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် COVID-19 ကာကွယ်ဆေးဝါးများ ထိရောက်စွာ ဖြန့်ဖြူးရေး နှင့် စီမံခန့်ခွဲရေးအတွက် မည်သို့ မည်ပုံ လုပ်ကိုင်ဆောင်ရွက်နေသည်ကို ရှင်းလင်းဖြေကြားပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ NGA အသင်းတွင် ကိုမိုက ဥက္ကဌအဖြစ်တာဝန်ယူထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သော အစီရင်ခံစာအရ နိုင်ငံအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၂၂၀,၈၀၆ ဦးရှိကြောင်း နှင့် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။  (Xinhua)