Connect with us

WORLD

ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းက COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုအပေါ် ထိခိုက်မှုမရှိကြောင်းတာဝန်ရှိသူပြော

တရုတ်နိုင်ငံပေကျင်းမြို့တော်ရှိ China National Pharmaceutical Group (Sinopharm) ရှိကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံ၌ COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကိုစမ်းသပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ)

လေ့လာမှုများအရဗိုင်းရပ်စ်သန္ဓေမည်သို့ပင်ပြောင်းလဲစေကာမူ COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုအပေါ်ထိခိုက်မှုရှိမည်မဟုတ်ကြောင်းတရုတ်နိုင်ငံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းကိစ္စရပ်ကိုအနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ယင်းကိစ္စနှင့်ဆက်စပ်မှုလမ်းကြောင်းကိုသုတေသနပြုရန်နိုင်ငံတစ်ဝန်းသုတေသနအဖွဲ့အစည်း၃၀ကျော်ဖွဲ့စည်းထားကြောင်းပေကျင်းမြို့တွင်ပြုလုပ်သည့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲ၌TianBaoguoကပြောခဲ့သည်။

နိုင်ငံနှင့်ဒေသပေါင်း၁၀၀ကျော်လွှမ်းခြုံထားသောကမ္ဘာလုံးဆိုင်ရာအချက်အလက်များတွင်နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏မျိုးဗီဇအစီအစဉ်မှာ၁၅၀,၀၀၀နီးပါးရှိကြောင်းTianကဆိုသည်။အရည်အသွေးမြင့်ဗိုင်းရပ်စ်မျိုးဗီဇအစီအစဉ်၈၀,၀၀၀ကျော်ကိုလေ့လာဆန်းစစ်ရာတွင်ဗိုင်းရပ်စ်သည်မျိုးကွဲများစွာမရှိကြောင်း၊ယင်းမျိုးကွဲများသည်ပုံမှန်အစီအစဉ်အတွင်းသို့ရောက်ရှိသွားကြောင်းနှင့်ကာကွယ်ဆေးဖော်ထုတ်မှုအပေါ်မည်မည်ရရသက်ရောက်မှုမရှိကြောင်း၎င်းကပြောခဲ့သည်။လက်ရှိတွင် COVID-19 ကာကွယ်ဆေးများ၏ antigen ဒီဇိုင်းသည်ဗိုင်းရပ်စ်၏ S-protein ၌အဓိကဦးတည်ထားခြင်းဖြစ်ပြီးယင်းမှာတည်ငြိမ်စွာဆက်စပ်နေကြောင်းသိရသည်။

သိပ္ပံနည်းကျသုတေသနအဖွဲ့သည်ဗိုင်းရပ်စ်၏သန္ဓေပြောင်းလဲခြင်းကိုဆက်လက်လေ့လာသွားမည်ဖြစ်ပြီးကာကွယ်ဆေးသုတေသနနှင့်ဖော်ထုတ်မှုအတွက်ဆောလျင်စွာသတိပေးခြင်းနှင့်သိပ္ပံနည်းကျကိုးကားမှုပံ့ပိုးပေးရန်အချိန်မီအကဲဖြတ်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းTianကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.