WORLD
ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၆၆,၆၉၉ ဦးအထိရှိလာ

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် ၆၈၅ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆၆,၆၉၉ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် COVID-19 ရောဂါဖြစ်ပွားသူအသစ်အနေဖြင့် ၃၅,၂၉၄ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ ၂၆ ရက် ရောဂါစတင်ဖြစ်ပွားစဉ်ကစ၍ လက်ရှိအချိန်ထိ စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ ၅,၉၁၁,၇၅၈ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရှိ လူဦးရေအထူထပ်ဆုံးဖြစ်သော ဆော်ပိုလိုပြည်နယ်သည် ကပ်ရောဂါဖြစ်ပွားမှု အဆိုးဝါးဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁,၁၇၈,၀၇၅ ဦးနှင့် သေဆုံးသူ ၄၀,၇၄၉ ဦးရှိပြီး ရီယိုဒီဂျနေးရိုးတွင် ရောဂါဖြစ်ပွားသူ ၃၃၀,၀၀၉ ဦးနှင့် သေဆုံးသူ ၂၁,၄၇၄ ဦးရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ ၁.၁၀ အထိ တစ်ဖန်မြင့်တက်လာခဲ့ပြီး ရောဂါကူးဖြစ်ပွါးသူ ၁၀၀ သည် လူပေါင်း ၁၁၀ ကို ကူးစက်စေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း Imperial College London က နိုဝင်ဘာ ၁၇ ရက်တွင် သတိပေးခဲ့သည်။ပြီးခဲ့သည့်ရက်သတ္တပတ်က ဘရာဇီးနိုင်ငံသည် ဧပြီလကစ၍ ရောဂါကူးစက်မှုနှုန်း၀.၆၈ ရာခိုင်နှုန်းဖြင့် ကူးစက်မှုအနိမ့်ဆုံးတွင် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)