Connect with us

WORLD

တရုတ်နိုင်ငံအား COVID-19 တိုက်ဖျက်နိုင်သည့် နမူနာကောင်းတစ်ခုအဖြစ် ရုရှားနိုင်ငံ သမ္မတ ပူတင် ချီးကျူး

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ကို နိုဝင်ဘာ ၁၇ ရက်က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသော ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ တွေ့ရစဉ် (ဓာတ်ပုံ- Kremlin photo)

မော်စကို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါအား မည်ကဲ့သို့ အောင်မြင်စွာ ထိန်းချုပ်ထားသည်ဆိုသည်ကို အခြားသော နိုင်ငံများအတွက် နမူနာကောင်းတစ်ခုအဖြစ် တည်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်သည် ကျွန်တော်တို့ အောင်မြင်စွာတိုက်ဖျက်နိုင်သည့် အရာဖြစ်ကြောင်းကိုတရုတ်နိုင်ငံက ကမ္ဘာကို ပြသခဲ့ကြောင်း” ရုရှားနိုင်ငံက ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် လက်ခံကျင်းပသည့် ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွင်း အတွင်း ပူတင်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြောခဲ့သည်။

“တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးရလဒ်က တကယ့်ကို အရေးပါပြီး မှတ်ကျောက်တင်နိုင်ခဲ့သလို အခြားသောနိုင်ငံတွေအတွက်လည်း နမူနာကောင်းတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

BRICS နိုင်ငံများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့်နိုင်ငံများသည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်သွားသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.