Connect with us

WORLD

မလေးရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်ရရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မလေးရှားနိုင်ငံသည် အန္တရာယ်ကင်း၍ ဆေးစွမ်းထက်သော COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုကို တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသော Lianhe Zaobao သတင်းစာအရ သိရသည်။

နှစ်နိုင်ငံ အစိုးရသည် ကာကွယ်ဆေးဖော်ထုတ်မှုနှင့် ထောက်ပံ့မှုတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို ပံ့ပိုးရန်နှင့် အားပေးရန် သဘောတူခဲ့ကြကြောင်း မလေးရှားနိုင်ငံ အစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများတွင် ၎င်းတို့၏ ပြည်သူများနှင့် ပုဂ္ဂလိကကဏ္ဍများ ပါဝင်မှုကို ထောက်ပံ့အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)