Connect with us

WORLD

ချီလီနိုင်ငံတွင် နေ့စဉ် COVID-19 အတည်ပြုလူနာ ၁,၀၀၀ ကျော်ပြန်ဖြစ်လာ

ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရှိ ဆန်ဂျို့စ်ဆေးရုံတွင် COVID-19 လူနာတစ်ဦးကို ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ချီလီနိုင်ငံတွင် နိုဝင်ဘာ ၂၅ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတည်ပြုလူနာ ၁,၀၀၄ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာဦးရေ ၅၄၄,၀၉၂ အထိ မြင့်တက်လာခဲ့ရာ နေ့စဉ် အတည်ပြုလူနာဦးရေ ၁,၀၀၀ ကျော် တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကြောင့် လူ ၇ ဦးထပ်မံသေဆုံးခဲ့သောကြောင့် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၁၅,၁၃၈ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ရောဂါဖြစ်ပွားသူများအနက် ပြန်လည်သက်သာလာ၍ ဆေးရုံမှဆင်းခွင့်ရသူ ၅၂၀,၁၈၀ ဦး ရှိပြီဖြစ်သည်။

လက်ရှိတွင် အသက်ရှူစက်တပ်ဆင်ထားရသူ ၅၄၀ ဦးနှင့် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသူ ၆၉ ဦး အပါအဝင် အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေရသူ ၇၀၀ ဦး ရှိကြောင်း သိရသည်။

ချီလီနိုင်ငံသည် ကပ်ဘေးကြုံနေရသည့် အခြေအနေအောက်တွင် ဆက်ရှိနေသဖြင့် လူအသွားအလာနှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချရန် ညမထွက်ရအမိန့်ထုတ်ပြန်ထားဆဲဖြစ်သည်။ သို့သော်လည်း မြို့များစွာတွင် အသွားအလာကန့်သတ်မှုများ လျှော့ချပေးပြီးဖြစ်သော်လည်း ကျန်ရှိသည့်မြို့များ အဓိကအားဖြင့် တောင်ပိုင်းဒေသများတွင်မူ ကူးစက်မှုမြင့်တက်လာသောကြောင့် အသွားအလာကန့်သတ်မှုများ ပြန်လည်တင်းကျပ်ထားခဲ့သည်။

ချီလီနိုင်ငံတွင် ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်စေရန် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် နယ်စပ်ဒေသများကို နိုဝင်ဘာ ၂၃ ရက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)