Connect with us

WORLD

တောင်ကိုရီးယား မြို့တော်တစ်ဝိုက်တွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တိုးမြှင့်ထား၊ မလေးရှားတွင် ထပ်တိုးအတည်ပြုလူနာဦးရေ ဆက်တိုက် စံချိန်တင် မြင့်တက်နေ

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Goyang မြို့ရှိ နိုင်ငံတကာပြပွဲ၏မြင်ကွင်းအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (Xinhua/Wang Jingqiang)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တစ်ဝိုက်တွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တိုးမြှင့်ထားပြီး မလေးရှားနိုင်ငံတွင် ထပ်တိုးအတည်ပြုလူနာဦးရေ ဆက်တိုက် စံချိန်တင် မြင့်တက်နေကြောင်း နိုဝင်ဘာ ၂၄ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) နိုဝင်ဘာ ၂၄ ရက် ၁၈ နာရီ ၀၈ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၆၃,၇၃၀ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၇,၇၁၂ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၈,၉၀၀,၅၄၇ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၃၉၃,၃၀၅ ဦး ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Goyang မြို့ရှိ နိုင်ငံတကာပြပွဲ၏မြင်ကွင်းအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (Xinhua/Wang Jingqiang)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၉,၆၂၀,၅၀၂ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၄၀၆,၂၈၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ ၁၂,၅၅၅,၇၂၉ ဦး နှင့် သေဆုံးသူ ၂၅၉,၄၇၇ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ဆက်တိုက်ပြန့်ပွားလာမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် တောင်ကိုးရီယား ဗဟို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်တွင် ဆိုးလ်မြို့အပါအဝင်၊ အင်ချွန်း၊ Gyeonggi စသည့် မြို့တော်တစ်ဝိုက်ဒေသများ၏ Social Distanceကပ်ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်ကို အဆင့် ၁.၅ မှ အဆင့် ၂ အထိ တိုးမြှင့်ထားကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Goyang မြို့ရှိ နိုင်ငံတကာပြပွဲ၏မြင်ကွင်းအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (Xinhua/Wang Jingqiang)

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Goyang မြို့ရှိ နိုင်ငံတကာပြပွဲ၏မြင်ကွင်းအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (Xinhua/Wang Jingqiang)

မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၂၄ ရက်အထိ ၂၄နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာဦးရေ ၂,၁၈၈ ဦးရာ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် နှစ်ရက်ဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရသိရသည်။ ၎င်းမှာ ပထမဆုံးအကြိမ်အဖြစ် လူနာ ၂,၀၀၀ ကျော်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၅၈,၈၄၇ ဦး ၊ သေဆုံးသူ ၃၄၁ ဦး ၊ ကုသပျောက်ကင်းသူ ၄၄,၁၅၃ ဦးရှိကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်းကျော်သွားပြီဖြစ်ခြင်းကြောင့် နိုဝင်ဘာ ၂၈ ရက်မှစ၍ အဆင့် ၃ ဆင့်ခွဲကာ တားမြစ်ချက်များကိုဖြေလျှော့ပေးမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ မိုက်ခရွန်က နိုဝင်ဘာ ၂၄ ရက် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.