Connect with us

WORLD

အိန္ဒိယနိုင်ငံက ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယခုနှစ်ကုန်အထိ ဆက်လက်ဆိုင်းငံ့ထား

အိန္ဒိယနိုင်ငံ ဘန်ဂါလောမြို့ရှိ COVID-19 စစ်ဆေးရာနေရာတစ်ခု၌ အမျိုးသမီးတစ်ဦးထံမှ အာခေါင်တို့ဖတ် ရယူနေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိန္ဒိယနိုင်ငံ အစိုးရက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဆိုင်းငံ့ထားရန် နိုဝင်ဘာ ၂၆ ရက်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆိုင်းငံ့မှုတွင် အိန္ဒိယနိုင်ငံသို့ အဝင်၊ အထွက် နိုင်ငံတကာ ကုန်တင်လေကြောင်းခရီးစဉ်များ ပါဝင်မည်မဟုတ်ကြောင်းနှင့် ခရီးသည်တင် လေကြောင်းခရီးစဉ်များအား ဖက်ဒရယ် အစိုးရက ခွင့်ပြုထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ဆိုးဝါးစွာခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ နောက်ဆုံးပြုစုထားသည့် တရားဝင်ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေမှာ စုစုပေါင်း ၉,၂၆၆,၇၀၅ ဦးနှင့် သေဆုံးသူ ၁၃၅,၂၂၃ ဦးအထိရှိလာကြောင်း သိရသည်။

နိုဝင်ဘာ၂၅ ရက် နံနက်ပိုင်းမှစ၍ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၄၄,၄၈၉ ဦးရှိကာ ကပ်ရောဂါကြောင့် သေဆုံးသူ ၅၂၄ ဦးရှိကြောင်း သိရသည်။

“ဇွန်လ ၂၆ ရက် နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ အိန္ဒိယနိုင်ငံသို့ အဝင်၊အထွက် ခရီးသည်တင်လေကြောင်းခရီးစဉ်တွေကို ဒီဇင်ဘာ ၃၁ ရက် ၂၃:၅၉ နာရီအထိ သက်တမ်းတိုးလိုက်ပါတယ်။ ဒီကန့်သတ်မှုထဲမှာ နိုင်ငံတကာ ကုန်စည်တင်ခရီးစဉ်တွေနဲ့ DGCA က ခွင့်ပြုထားတဲ့ လေကြောင်းခရီးစဉ်တွေ မပါဝင်ပါဘူး” ဟု လေကြောင်းပျံသန်းမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (DGCA) က တရားဝင်ကြေညာချက်တွင် ပြောကြားထားသည်။

“သို့သော်လည်း နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေအနေနဲ့ အာဏာပိုင်များရဲ့ ခွင့်ပြုချက်တွေအရ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေက ခွင့်ပြုပေးနိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

လွန်ခဲ့သည့် ၇ လအတွင်း အိန္ဒိယနိုင်ငံသည် ပြည်ပရောက် အိန္ဒိယနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန်နှင့် မဖြစ်မနေ ခရီးသွားလာမှု လွယ်ကူစေရန် “Vande Bharat Mission” အစီအစဉ်အရ အထူးလေယာဉ်များ ပျံသန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117