Connect with us

WORLD

ကူးစက်မြန် COVID-19 ရောဂါမျိုးကွဲသစ်ကြောင့် ဗြိတိန်မှ လေယာဉ်ဝင်ရောက်မှုကို အစ္စရေး ပိတ်ပင်

ဒီဇင်ဘာ ၂၀ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ Sourasky ဆေးရုံတွင် အစ္စရေးကျန်းမာရေးဝန်ထမ်းတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကူးစက်မှုနှုန်းအလွန်လျင်မြန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ် COVID-19 ရောဂါမျိုးကွဲသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လေယာဉ်အဝင် ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ခုကို အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်ထဲတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ အဆိုပါ ကိုဗစ်မျိုးကွဲသစ်တွေ့ရှိခဲ့ရသည့် ဒိန်းမတ် နှင့် တောင်အာဖရိက နိုင်ငံများမှ အဝင်လေကြောင်းလိုင်းများကိုလည်း အလားတူ ပိတ်ပင်တားမြစ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နှာခေါင်းစည်းတပ်ဆင်၍ လမ်းလျှောက်နေသူတစ်ဦးအား ဒီဇင်ဘာ ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယင်းတားမြစ်မိန့်သည် ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း နှင့် ၇ ရက်အတွင်း ပြန်လည်သုံးသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ပိတ်ပင်တားမြစ်ရခြင်း ရည်ရွယ်ချက်မှာ “ ပြည်ပမှ ရောဂါမျိုးကွဲသစ် ဝင်ရောက်လာခြင်းကို ကာကွယ်တားဆီးရန်ဖြစ်ကြောင်း” ကြေညာချက်တွင် ဖော်ပြထားပြီး ယင်းဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်သည် အစ္စရေးနိုင်ငံအတွင်း ပျံ့နှံ့သွားပြီး ရှိမရှိသိနိုင်ရန် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံမှ ပြန်လာသော အစ္စရေးနိုင်ငံသားများအနေဖြင့် လေဆိပ်တွင် ရပ်နားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဟိုတယ်တစ်ခုတွင် သီးခြားခွဲနေထိုင်မှု(quarantine) ၁၀ ရက် နေထိုင်သွားရမည်ဖြစ်ကြောင်း အစ္စရေးတီဗီရုပ်သံလိုင်းတစ်ခုက သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ဟိုတယ်သီးခြားခွဲနေထိုင်မှု ငြင်းဆန်သည့် အချို့သော ခရီးသည်များအနေဖြင့် လာရာလမ်းအတိုင်း အင်္ဂလန်နိုင်ငံသို့ ပြန်လှည့်သွားခဲ့ရပြီဖြစ်ကြောင်းလည်း Channel 12 ရုပ်သံလိုင်းက ဆက်လက်ဖော်ပြခဲ့သည်။

“ ဗြိတိန် ၊ ဒိန်းမတ် နဲ့ တောင်အာဖရိက နိုင်ငံတွေဆီကနေ ဝင်လာတဲ့ လေယာဉ်ခရီးစဉ်အားလုံးကို အစ္စရေးနိုင်ငံထဲ ဝင်လာလို့မရအောင် ကျွန်တော်တို့ ပိတ်ပင်တားဆီးလိုက်ပါပြီ ၊ အကယ်၍ လိုအပ်မယ်ဆိုရင် အခြားနိုင်ငံတွေက လေကြောင်းလိုင်းတွေကိုလည်း ကျွန်တော်တို့ ဆက်ပြီး ပိတ်ပင်တားမြစ်မှု လုပ်သွားမှာပါ” ဟု ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးပြီးနောက် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ထည့်သွင်း ပြောကြားခဲ့သည်။

“ အခုအခါ ကာကွယ်ဆေးဟာ ကျွန်တော်တို့လက်ထဲရောက်ရှိနေပါပြီ ၊ မှောင်မိုက်တဲ့ ဥမင်လှိုဏ်ခေါင်းရဲ့အဆုံးမှာတော့ ကျွန်တော်တို့ အလင်းရောင်မြင်တွေ့ရမှာပါ ၊ စည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီးလိုက်နာသွားဖို့က သိပ်ကိုအရေးကြီးပါတယ် ” ဟု ၎င်းက ဆိုသည်။(Xinhua)

#အစ္စရေး,#ဗြိတိန်,#COVID-19,#flights,#ban,#ဆင်ဟွာ
#Israel , #Britain, #flights, #bans, #COVID-19, #Xnhua

—————————————————
(English Version)

Israel bans flights from Britain over new COVID-19 variant

JERUSALEM, Dec. 20 (Xinhua) — Israel on Sunday announced a ban on flights from Britain following the discovery of a fast-spreading variant of COVID-19.
A statement issued by the Israeli Prime Minister’s Office said that the coronavirus cabinet decided to ban also flights from Denmark and South Africa, where the new variant has been found.

The prohibition became effective immediately and will be reviewed in seven days, the cabinet said.
The goal of the ban is “to prevent the arrival of the new strain from abroad,” the statement read, adding that tests are underway to see if it had already begun to spread in Israel.
Israeli TV news channels reported that Israeli citizens who returned from England were stopped at the airport and requested to enter a 10-day quarantine in a hotel. Channel 12 TV news reported that some passengers who had refused to go to the hotel have been returned to England.

“We have closed the skies to all flights to Israel from Britain, Denmark and South Africa … if necessary, we will ban flights from additional countries,” Prime Minister Benjamin Netanyahu said in a statement after the coronavirus cabinet meeting.

“Now, when the vaccine is in our hands and we see the light at the end of the tunnel, it is important that we continue to follow the rules,” he said.

Photos caption – (1) An Israeli medical worker receives a COVID-19 vaccine at the Sourasky Medical Center in Tel Aviv, Israel, Dec. 20, 2020. (Tomer Neuberg/JINI via Xinhua)

(2) A woman wearing a face mask walks in a shopping center in London, Britain, on Dec. 18, 2020. (Xinhua/Han Yan)