Connect with us

WORLD

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဗြိတိန်နိုင်ငံတွင် ပေါ်ထွက်လာ၊ အမေရိကန်နိုင်ငံ၏ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ဦးရေ ၄ သိန်းကျော်ရှိခဲ့

ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ၄ သိန်းကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၂၀ ရက် ၁၇ နာရီ ၃၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၈၀၈,၂၂၄ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၀,၃၁၂ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၅,၁၁၀,၆၅၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၆၈၀,၃၉၅ ဦး အသီးသီး ရှိလာကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၂၁ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၆,၇၅၀,၈၁၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၉၂,၀၆၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၇,၈၁၉,၅၈၃ ဦး နှင့် သေဆုံးသူ ၃၁၇,၅၈၈ ဦး ရှိကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(၂) သတင်းအချက်အလက်များ

ခရစ္စမတ်ပွဲတော် ရောက်ခါနီးအချိန်အခါတွင် ဗြိတိန်ရှိ အချို့ဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှုန်း ပို၍မြန်လာရာ ကပ်ရောဂါအခြေအနေစိုးရိမ်ဖွယ်ဖြစ်စေခဲ့သည်။ ယင်းအခြေအနေသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးနှင့်ဆက်စပ်မှုရှိမရှိကို ဗြိတိန်အစိုးရက စုံစမ်းစစ်ဆေးလျက်ရှိပြီး မြို့တော်လန်ဒန်၊ အင်္ဂလန် အရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းအချို့ဒေသများ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အဆင့်(၃)မှ အသစ်ထပ်တိုးထားသည့် အဆင့်(၄)အဖြစ် မြှင့်တင် ဆောင်ရွက်မည်ကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်တွင် ဗီဇာပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာမှုကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံအချိန်မှစ၍ ဗြိတိန်ခရီးသွားဝင်ရောက်ခြင်းကို ၄၈ နာရီ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ပြင်သစ် အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။ဒီဇင်ဘာ ၁၈ ရက်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးတွင် အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၄ သိန်းကျော် ၄၀၃,၃၅၉ ဦးရှိခဲ့ရာ တစ်ဆတိုးနီးပါးနှုန်းဖြင့် တစ်ကမ္ဘာလုံးတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ဦးရေအများဆုံးစံချိန်တင်ခဲ့ကြောင်း၊ အသစ်ထပ်တိုးသေဆုံးသူ ၂,၇၅၆ ဦးရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ(CDC)၏ ဒီဇင်ဘာ ၁၉ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။

 ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးကဏ္ဍမက်ထရစ်နှင့်အကဲဖြတ်သုတေသနဌာန(IHME)မှ နောက်ဆုံးထုတ်ပြန်သည့် ကပ်ရောဂါအခြေအနေ နမူနာ ကြိုတင်ခန့်မှန်းမှုရလဒ်များက အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ထပ်တိုး သေဆုံးလူနာအရေအတွက် ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိရာ လာမည့်နှစ် ဇန်နဝါရီ လလယ်ပိုင်းတွင် နေ့စဉ် ၃,၇၅၀ ဦး ကျော် ရှိနိုင်ကြောင်း၊ လာမည့်နှစ် ဧပြီ ၁ ရက်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၆၂,၀၀၀ ထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။ ၎င်းမှာ လာမည့်နှစ် ဧပြီလမတိုင်မီအထိ သေဆုံးသူ ၂ သိန်းကျော်ရှိနိုင်ကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု သိရသည်။

 ဗြိတိန်နိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ပြီးနောက် လန်ဒန်မြို့၏မြင်ကွင်းအချို့အား ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ ဒီဇင်ဘာ ၂၀ ရက်က စတင်လုပ်ဆောင်ခဲ့ရာ ပထမဦးစွာ ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် အသက် ၆၀ နှင့်အထက်ရှိသူများ၊ နာတာရှည်ရောဂါနှင့်ပြင်းထန်ရောဂါရှိသူများကို ထိုးနှံပေးမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။ ကာကွယ်ဆေးကို ၂ ကြိမ်ခွဲ၍ ၂၁ ရက်ခြား ထိုးနှံရမည်ဖြစ်ကြောင်းနှင့် အစ္စရေးကျန်းမာရေးဖောင်ဒေးရှင်းများနှင့် ဒေသအသီးသီးဆေးရုံးများတွင် ကာကွယ်ဆေးထိုးနှံမှုများ လုပ်ဆောင်မည်ဖြစ်ပြီး နေ့စဉ် ကာကွယ်ဆေး ၆ သောင်းခန့် ပံပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ စီမံရေးဗဟို၏ ဒီဇင်ဘာ ၂၀ ရက် ထုတ်ပြန်သည့်နောက်ဆုံးရ ကိန်းဂဏန်းများအရ စမွတ်စခွန်း(Samut Sakhon)ပြည်နယ် ပင်လယ်စာအရောင်းဈေးတစ်ခုနှင့်ဆက်စပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ဦးရေသည် ၆၈၉ ဦး တိုးမြင့်လာပြီဖြစ်ပြီး မြို့တော် ဘန်ကောက်အထိ ကူးစက်လာသည့်အနေအထားရှိကြောင်း သိရသည်။ ထိုနေ့တွင်ပင် ဘန်ကောက်ရှိ နှစ်သစ်ကူးလှုပ်ရှားမှုပွဲအားလုံး ဖျက်သိမ်းရန် ဘန်ကော်မြို့တော်အစိုးရက ကြေညာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာစေရန် ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အဆင့် ထိန်းသိမ်းထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများ၏ ခရီးသွားဦးရေကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

#COVID_19, #briefing, , #Xinhua, #ကိုဗစ်-၁၉, #သတင်းအကျဉ်း, #ဆင်ဟွာ

—————————————————
( Chinese Version)

(国际疫情)全球疫情简报:英国出现变异新冠病毒 美国报告日增确诊病例超40万

新华社北京12月21日电20日全球疫情简报:英国出现变异新冠病毒 美国报告日增确诊病例超40万
  (小标题)全球数据
  世界卫生组织:截至欧洲中部时间20日17时34分(北京时间21日零时34分),全球新冠确诊病例较前一日增加808224例,达到75110651例;死亡病例增加10312例,达到1680395例。
 美国约翰斯•霍普金斯大学:截至北京时间21日7时27分,全球新冠确诊病例达76750811例,死亡病例为1692067例。美国是全球疫情最严重的国家,确诊病例达17819583例,死亡病例为317588例。
(小标题)新闻事件
  圣诞节临近,英国部分地区新冠病毒传播速度加快,疫情令人担忧。英国政府正在调查这一状况是否与一种变异的新冠病毒有关,并将首都伦敦、英格兰东南部和东部部分地区的新冠疫情防控级别从第三级提升至新增加的第四级。
法国政府20日宣布,由于英国出现变异新冠病毒,法国自当天午夜起48小时内暂停来自英国的人员旅行。
美国疾病控制和预防中心19日公布的疫情数据显示,18日全美报告新增新冠确诊病例超40万例,达403359例,以近一倍的增幅再次刷新全球范围内一国单日新增确诊病例数最高纪录;新增死亡病例2756例。
 美国华盛顿大学卫生统计评估研究所最新发布的疫情模型预测结果显示,美国单日新增死亡病例还将继续增加,到明年1月中旬将超过每日3750例;到明年4月1日,美国累计新冠死亡病例可能达到56.2万例,这意味着明年4月前还将出现20多万死亡病例。
 以色列总理办公室和卫生部20日发表声明说,该国当天启动新冠疫苗接种工作,将首先为医务人员接种,并将于21日起为60岁以上人群、重症及慢性病患者等接种。疫苗分两次注射,相隔21天。疫苗接种将通过以色列全国保健基金会和各地医院进行,每天提供约6万剂疫苗。
  根据泰国新冠疫情管理中心20日发布的最新数据,与泰中部沙没沙空府一海鲜市场相关的新冠病毒感染人数已升至689人,且疫情有向首都曼谷蔓延趋势。同日,曼谷市政府宣布将取消全市所有跨年庆祝活动。
印度文化部20日发表声明,宣布取消新冠疫情期间对受国家保护的古迹遗址的游客数量上限,以促进旅游业复苏。(完)