Connect with us

WORLD

ဗြိတိန်ခရီးသွားများဝင်ရောက်ခြင်းကို ၄၈ နာရီ ယာယီရပ်နားထားမည်ဟု ပြင်သစ် ကြေညာ

ပြင်သစ်နိုင်ငံ ပါရီမြို့ လေဆိပ်တွင် လူအများ ကိုယ်ပူချိန်တိုင်းစက်အား ဖြတ်သွားနေသည်ကို ဇူလိုင် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သီးခြားခွဲနေထိုင်လျက်ရှိသည့် ပြင်သစ် သမ္မတ မိုက်ခရွန်က ယင်းနေ့ညနေပိုင်းတွင်ပြုလုပ်သည့် ကျန်းမာရေးလုံခြုံမှုဆိုင်ရာအစည်းအဝေးတွင် အဝေးမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြင်သစ်အနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ရန် မိုက်ခရွန်က ဆုံးဖြတ်ခဲ့ရာ ယနေ့ ညသန်းခေါင်ယံမှစ၍ ၄၈ နာရီအတွင်း ဗြိတိန်ခရီးသွားများကို လာရောက်ခြင်းကို ခေတ္တယာယီရပ်နားထားမည်ဖြစ်ကြောင်း အစည်းအဝေးအပြီး ပြင်သစ် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အရာရှိ Baptiste Djebbariက မီဒီယာများကို ပြောကြားခဲ့သည်။

ထို့နောက် ပြင်သစ် ဝန်ကြီးချုပ်ရုံးက မိုက်ခရွန်၏ ဆုံးဖြတ်ချက်ကို ထပ်မံရှင်းလင်းသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပါရီစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် ည ၁၂ နာရီမှစ၍ ၄၈ နာရီအတွင်း ဗြိတိန်ခရီးသွားအားလုံးဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ရာ ယင်းအမိန့်တွင် ကုန်းလမ်း၊ရထားလမ်း၊လေကြောင်း၊ ရေကြောင်း သက်ဆိုင်သည့် ကုန်ပစ္စည်းပို့ဆောင်သူများ ဝင်ရောက်လာခြင်းများလည်း ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဗြိတိန်မှ လူမပါကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုနှင့် ပြင်သစ်မှ ဗြိတိန်သို့ ခရီးသွားမှုများကို ပုံမှန်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၀ ရက်မှစ၍ လန်ဒန်၊ အင်္ဂလန်အရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းအချို့ဒေသများကို လက်ရှိရောဂါ ကာကွယ်ရေးအဆင့် (၃)မှ အဆင့်(၄)သို့ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် အလွန်လျင်မြန်စွာပြန့်ပွားမှုကို တားဆီးရန် ပို၍တင်းကျပ်သည့် နည်းလမ်းများအသုံးသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရောဂါပိုးပြန်သွားမှုနှုန်း ပိုမြန်လာရခြင်း အဓိက အကြောင်းအရင်းတစ်ခုမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

—————————————————
(Chinese Version)

(国际疫情)法国宣布48小时内暂停来自英国的人员旅行

  新华社巴黎12月20日电(记者唐霁)法国政府20日宣布,由于英国出现变异新冠病毒,法国自当天午夜起48小时内暂停来自英国的人员旅行。
因感染新冠病毒正在进行隔离的法国总统马克龙当天下午远程主持卫生安全会议。法国分管交通的国务秘书让-巴蒂斯特•杰巴里会后向媒体表示,马克龙做出决定,法国将采取保护措施,自当天午夜起48小时内暂停来自英国的人员旅行。
  法国总理府随后发表声明对马克龙的决定做出进一步说明。声明说,法国自巴黎时间20日晚12时起的48小时内暂停来自英国的所有人员旅行,包括与公路、铁路、航空、水路有关的货运人员旅行。来自英国的无人员随行的货物运输,以及法国前往英国的人员旅行保持正常。
英国首相约翰逊19日在疫情新闻发布会上说,从20日起,伦敦、英格兰东南部和东部部分地区将从目前的三级防控级别升至四级。采取更严格的措施旨在阻止新冠病毒过快传播。他说,病毒传播速度加快的一个重要原因是出现了变异病毒。(完)

图说: 7月24日,在法国巴黎戴高乐机场,人们经过体温检测仪。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.