Connect with us

WORLD

မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်

ဒီဇင်ဘာ ၂၄ ရက် ၌ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

မက္ကဆီကိုနိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက် ၌ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး ပထမ အသုတ်အနေဖြင့် လူပေါင်း ၂,၉၀၀ ကျော် ကို ကာကွယ်ဆေးထိုးပေးမည် ဖြစ်ကာ ၎င်းတို့အနက် အများစုမှာ ရှေ့တန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ဖြစ်ကြကြောင်း သိရှိရသည်။

ပထမအသုတ် COVID-19 ရောဂါ ကာကွယ်ဆေး အား မက္ကဆီကို နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ မက္ကဆီကို မြို့တော် ၊ မက္ကဆီကို ပြည်နယ် နှင့် Querétaro ပြည်နယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၊ မက္ကဆီကိုမြို့တော်ရှိ ဆေးရုံတစ်ခုတွင် အထူးကြပ်မတ်ဆောင် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစိုးရ အရာရှိများ၏ ရှေ့မှောက်တွင် ပထမဦးဆုံးသော COVID-19 ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၄ ရက် ၌ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၂၄ ရက် ၌ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၂၄ ရက် ၌ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၂၄ ရက် ၌ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Lopez-Gatell က COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစတင်ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မက္ကဆီကိုနိုင်ငံ ကပ်ရောဂါ ကာကွယ်ရေး အတွက် မျှော်လင့်ချက်အလင်းရောင် တစ်ခု ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း မှ တစ်ဆင့် ထိရောက်သည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းစနစ် ကို တည်ဆောက်သွားနိုင်ကာ ကပ်ရောဂါ မြန်ဆန်စွာ ပြန့်ပွားမှု ကို ထိန်းချုပ်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ဒီဇင်ဘာ ၈ ရက် ၌ တစ်နိုင်ငံလုံးအတိုင်းအတာ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ် ကို ထုတ်ပြန်ကြေညာခဲ့ပြီး ကာကွယ်ဆေးအား ဦးစားပေး ထိုးနှံခံရသူများမှာ ကပ်ရောဂါ တိုက်ဖျက်ရေးတွင်ပါဝင်ဆောင်ရွက်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ သက်ကြီးရွယ်အိုများ နှင့် COVID-19 ကူးစက်ခံရရန် အန္တရာယ်များသည့် အခြေအနေ အောက်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများ ဖြစ်ကြကြောင်း ၊ အစီအစဉ် အရ ၂၀၂၂ ခုနှစ် မတ်လ တွင် မက္ကဆီကို နိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှု တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံနိုင်လိမ့်မည်ဟုမျှော်လင့်ရကြောင်း သိရှိရသည်။

မက္ကဆီကိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ဒီဇင်ဘာ ၂၃ ရက်အထိ မက္ကဆီကို နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁,၃၅၀,၀၇၉ ဦး ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၀,၃၁၁ ဦး ရှိကြောင်း သိရှိရသည်။ (Xinhua)

————————————-
(Chinese Version)
(国际疫情)墨西哥开始新冠疫苗接种
2020-12-25 04:34:28 分类: 医药卫生
  新华社墨西哥城12月24日电(记者吴昊)墨西哥24日启动新冠疫苗接种,首批接种者为2900多名参与一线抗疫的医护人员。
  首批疫苗当天清晨由墨西哥军方送到首都墨西哥城、墨西哥州和克雷塔罗州。在墨西哥城爱德华多•利塞亚加医院,一家医院重症监护病房的护士长玛丽亚•伊雷妮•拉米雷斯在医护人员和政府官员等见证下接种疫苗,成为该国新冠疫苗接种计划下的首名接种者。
  在接种仪式上,拉米雷斯表示自己既“紧张”又“开心”。她说,这是她“2020年收到的最好礼物”,接种疫苗后她将更有勇气参与打击新冠病毒这个“隐形敌人”的战争。
  墨西哥卫生部副部长洛佩斯-加特利表示,新冠疫苗接种将为墨西哥抗疫开启“希望之光”。希望通过疫苗接种,推动建立有效防疫机制,遏制疫情快速传播。
  12月8日,墨西哥公布全国新冠疫苗接种计划,优先为参与抗疫的医护人员及老年人等高感染风险人群提供接种服务,预计2022年3月在墨西哥实现疫苗接种全国覆盖。
  墨西哥卫生部公布的数据显示,截至23日,墨西哥累计新冠确诊病例1350079例,累计死亡病例120311例。(完)

Photo
新华社照片,墨西哥城,2020年12月24日
(国际疫情)(1)墨西哥开始新冠疫苗接种
12月24日,在墨西哥首都墨西哥城,一名医护人员(中)接种新冠疫苗。
墨西哥24日启动新冠疫苗接种,首批接种者为2900多名参与一线抗疫的医护人员。
新华社发(路易斯摄)