Connect with us

WORLD

အီတလီနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး ခရစ္စမတ်ပွဲတော် အတွင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား တင်းကျပ်စွာဆောင်ရွက်

အီတလီနိုင်ငံ Piazza Venezia ရင်ပြင်ရှိ ခရစ္စမတ်သစ်ပင် နှင့် အတူ ဓာတ်ပုံရိုက်ကူးနေသည့် အမျိုးသားတစ်ဦး အားမြင်တွေ့နေစဉ်(ဆင်ဟွာ)

ရောမ ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီတလီနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၈,၀၄၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၂,၀၀၉,၃၁၇ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံ သေဆုံးခဲ့ရသူ ၅၀၅ ဦးရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၇၀,၉၀၀ ဦး ရှိခဲ့ကြောင်း အီတလီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အီတလီနိုင်ငံ သည် ကမ္ဘာပေါ်တွင် ၈ နိုင်ငံမြောက် COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်း အထိရှိသော နိုင်ငံ ဖြစ်လာခဲ့ပြီး အီတလီနိုင်ငံအစိုးရ အနေဖြင့် ဒီဇင်ဘာ ၂၄ ရက် မှ စတင်၍ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားပြီး ခရစ္စမတ်ပွဲတော် ကာလ အတွင်း ကပ်ရောဂါ ပျံ့ပွားမှု ပိုမိုမဆိုးရွားလာအောင် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အီတလီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ခဲ့သည့် စာရင်းအရ လက်ရှိချိန်တွင် အီတလီ နိုင်ငံ ၌ COVID-19 ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသည်မှာ နိုင်ငံမြောက်ပိုင်းရှိ Veneto ဒေသဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ခံထားရသူ တစ်သိန်းကျော်ရှိကြောင်း ၊ နိုင်ငံတောင်ပိုင်း Campania ဒေသ နှင့် မြို့တော် ရောမ တို့တွင်လည်း ကပ်ရောဂါ ပျံ့ပွားမှုအခြေအနေ က ဆိုးရွားနေပြီး COVID-19 ရောဂါ ကူးစက်ခံရသူ ၇ သောင်းအထက်တွင် ရှိကြောင်း သိရှိရသည်။

အီတလီနိုင်ငံအစိုးရ ၏ ခရစ္စမတ်ပွဲတော်ကာလ အတွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်အရ ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ အနီရောင်အဆင့် အခြေအနေ အဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူများအနေဖြင့် အထူးကိစ္စရပ်မရှိပါက နေအိမ်အတွင်း၌သာ နေထိုင်သွားကြရမည်ဖြစ်ကြောင်း ၊ နိုင်ငံအတွင်းရှိစားသောက်ဆိုင်များအနေဖြင့် အများစုအချိန်တွင် စားသောက်သည့် နေရာကို ပိတ်ထားရမည်ဖြစ်ပြီး ပါဆယ်ဝယ်ယူခြင်းကိုသာ လက်ခံရမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် ည ၁၀ နာရီမှ နောက်နေ့နံနက်ပိုင်းအချိန်ထိ အပြင်မထွက်ရသည့် ညမထွက်ရအမိန့်ကိုလိုက်နာရမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ သတ်မှတ်ချက်များအား လာမည့်နှစ် ဇန်နဝါရီ ၆ ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)————————————-

(Chinese Version)
(国际疫情)意大利累计确诊病例超200万 圣诞新年期间实施严格管控措施
2020-12-25 09:46:53 分类: 医药卫生
  新华社罗马12月24日电(记者叶心可)据意大利卫生部24日消息,过去24小时内意大利新增新冠确诊病例18040例,累计确诊2009317例;新增死亡病例505例,累计死亡70900例。意大利成为全球第八个确诊病例数超200万的国家。政府宣布从24日起实施更严格的管控措施,以防止节日期间疫情进一步蔓延。
  意卫生部数据显示,目前疫情最严重的是位于北部的威尼托大区,现有病例超过10万例,南部的坎帕尼亚大区及首都罗马所在的拉齐奥大区也较为严重,现有病例数均超7万例。
  10月以来,第二波疫情在意大利境内蔓延。为控制疫情蔓延,意大利根据疫情严重程度将全国20个大区分为红色、橙色和黄色三个类别进行管理,其中红色区域实施最严格的管控措施。
  根据政府发布的圣诞新年期间疫情防控措施,24日起意大利全国进入“红区”模式,居民无特殊原因不得离开自己的住处。大部分时间餐厅都将关闭堂食,仅接受外卖服务,且居民须遵守晚10点至次日早上的宵禁。相关规定将持续到明年1月6日。(完)

Photo
新华社照片,罗马,2020年12月15日
(新华视界)(3)罗马:圣诞气氛逐渐浓郁
12月14日,在意大利罗马威尼斯广场,一名男子准备与大圣诞树自拍。
圣诞临近,意大利首都罗马的街头圣诞气氛逐渐浓郁。
新华社记者 程婷婷 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.