Connect with us

WORLD

ဂျပန်နိုင်ငံတွင် ဗီဇပြောင်း COVID-19 ကူးစက်မှု ပထမဆုံးအကြိမ်စတင် တွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဂျပန်နိုင်ငံတကာလေဆိပ်များ၌ အသွားအလာကန့်သတ်နေထိုင်နေရသူ ငါးဦးတွင် ဗြိတိန်နိုင်ငံ၌ ပျံ့နှံနေသည့် ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ် တွေ့ရှိရကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ကူးစက်မှုနှုန်းမြန်သည်ဟု ယူဆထားသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံတွင် ပထမဆုံး တွေ့ရှိရကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကူးစက်ခံရသည့် လူငါးဦးမှာ အသက် ၇၀ နှစ်အောက်ဖြစ်ပြီး ၎င်းတို့သည် ဗြိတိန်နိုင်ငံသို့ ခရီးသွားရာဇဝင် ရှိကြောင်း၊ ယင်းအနက် လေးဦးမှာ ရောဂါလက္ခဏာပြသခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Norihisa Tamura က ဒီဇင်ဘာ ၂၅ ရက် ညပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ကူးစက်ခံရသူ ငါးဦးအနက် နှစ်ဦးမှာ မြို့တော်တိုကျိုရှိ ဟာနဲဒါးလေဆိပ်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အခြားသူများမှာ အိုဆာကာစီရင်စု အနောက်ပိုင်းရှိ Kansai လေဆိပ်တွင် ဆင်းသက်ခဲ့ကြသူများ ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ဂျပန်နိုင်ငံအစိုးရသည် ဗြိတိန်နိုင်ငံတွင် ကူးစက်မှုမြင့်မားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကာကွယ်သည့်အနေဖြင့် ဗြိတိန်နိုင်ငံမှ စီးပွားရေးနှင့်ပညာသင်ကြားရေး စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံခြားသားများ လာရောက်ခြင်းကို ဒီဇင်ဘာ ၂၄ ရက်နေ့က ယာယီပိတ်ပင်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
1st LD Writethru: First COVID-19 variant cases reported in Japan
TOKYO, Dec. 25 (Xinhua) — Japan’s health ministry confirmed on Friday that five people in quarantine at Japanese international airports tested positive for a new COVID-19 variant spreading in Britain.
This is the first time Japan has confirmed infections with the new coronavirus variant that is believed to be more contagious.
Health Minister Norihisa Tamura told a press conference Friday night that the five infected people are under 70 and have travel histories to Britain. Four of them are asymptomatic.
Two of the five arrived in the Haneda airport in the capital Tokyo, while the others landed in the Kansai airport in the western prefecture of Osaka, said the minister.
The Japanese government on Thursday imposed a temporary ban on new arrivals of foreign nationals from Britain for purposes such as business or study, in response to the new and highly transmissible variant of the coronavirus found there. Enditem
People wearing face masks cross a street in Tokyo, Japan, Dec. 12, 2020. Japan logged a record of 3,037 daily COVID-19 cases on Saturday, surpassing 3,000 for the first time as Tokyo and several other prefectures marked records in a single day amid a resurgence of infections. (Photo by Lyu Tianze/Xinhua)