WORLD
ဗြိတိန်နိုင်ငံတွင် ပထမဆုံးအကြိမ် ညတွင်းချင်း COVID-19 ကူးစက်မှု ၅၀,၀၀၀ ကျော်ရှိလာ
လန်ဒန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
ဗြိတိန်နိုင်ငံတွင် COVID-19 ကပ်ရောဂါစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ညတွင်းချင်း ၅၀,၀၀၀ ကျော် မှတ်တမ်းရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ဗြိတိန်နိုင်ငံတွင် နောက်ထပ် လူ ၅၃,၁၃၅ ဦး COVID-19 ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုစံချိန်သစ်အရေအတွက်ဖြစ်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။ ယခုအခါ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၂,၃၈၂,၈၆၅ ဦး ရှိကြောင်း အချက်အလက်များက ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လယ်ရှိ လမ်းတစ်နေရာကို တွေ့ရစဉ် (ဆင်ဟွာ)
ပြီးခဲ့သည့် ၂၈ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄၁၄ ဦး သေဆုံးခဲ့သောကြောင့် ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်သော သေဆုံးသူ စုစုပေါင်း ၇၁,၅၆၇ ဦး ရှိနေကြောင်း အချက်အလက်များက ဆိုသည်။သိပ္ပံပညာရှင်တစ်ဦးက အစိုးရကို အကြံပြုချက်အဖြစ် ထုတ်ပြန်ထားသည့် နောက်ဆုံးကိန်းဂဏန်းအရ နှစ်သစ်တွင် ကပ်ဘေးကိုတားဆီးရန် “တိကျပြတ်သားသော” နိုင်ငံအဆင့်လှုပ်ရှားမှု လိုအပ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်က သတိပေးခဲ့သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံ နောက်ခံထားသည့် ဝါတာလူးတံတားပေါ်တွင် ပြေးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံသည် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အသစ်ပျံ့နှံ့မှုကြောင့် “အလွန်အန္တရာယ်များသော ကပ်ရောဂါ၏ အဆင့်သစ်တစ်ရပ်သို့ ဝင်ရောက်လျက်ရှိကြောင်း” အစိုးရ၏ အသစ်ပေါ်ထွက်လာသော အသက်ရှူလမ်းကြောင်း ဆိုင်ရာဗိုင်းရပ်စ်ခြိမ်းခြောက်မှု အကြံပေးအဖွဲ့ (Nervtag) အဖွဲ့ဝင် ပါမောက္ခ Andrew Hayward ကပြောခဲ့သည်။
“ကျွန်တော်တို့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ကပ်ဘေးကို တားဆီးဖို့ ဆောလျင်စွာ တိကျပြတ်သားတဲ့ အမျိုးသားအဆင့်လှုပ်ရှားမှု လိုအပ်နေပါတယ်” ဟု ၎င်းက BBC Radio 4 ၏ Today အစီအစဉ်သို့ ပြောခဲ့သည်။
“အစောပိုင်းက လုပ်ခဲ့တဲ့ကန့်သတ်ချက်တွေက အခု အလုပ်မဖြစ်တော့ပါဘူး။ ပြီးတော့ ကန့်သတ်ချက်အဆင့် ၄ ဒါမှမဟုတ်ရင် ဒီထက်တောင် ပိုမြင့်မားတာမျိုးလည်းလုပ်ဖို့ လိုအပ်ပါတယ်”
ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ် (Matt Hancock) သည် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၏ ကန့်သတ်ချက်အဆင့်များဆိုင်ရာ တစ်စုံတစ်ရာပြောင်းလဲမှုများကို ကြေညာမည်ဟုမျှော်လင့်ရသည်။
ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း အမျိုးသားကျန်းမာရေးကောင်စီ (NHS) အကြီးအကဲက အင်္ဂလန်နိုင်ငံရှိ ဆေးရုံများတွင် COVID-19 ကြောင့် ကုသမှုခံယူနေရသည့် လူနာအရေအတွက်မှာ ဧပြီလက အမြင့်ဆုံးအခြေအနေကိုပင် ကျော်လွန်လျက်ရှိသောကြောင့် ဗြိတိန်နိုင်ငံအနေဖြင့် “ရှုပ်ထွေးခက်ခဲလှသည့် အခြေအနေတွင်ရောက်ရှိနေကြောင်း” သတိပေးပြောကြားခဲ့သည်။
“ယခုအခါ ဥရောပနဲ့ ဒီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းရိုက်ခတ်မှုနဲ့အတူ ရှုပ်ထွေးခက်ခဲလှတဲ့ အခြေအနေကို ကျွန်တော်တို့ တစ်ဖန်ပြန်လည်ရောက်ရှိနေပါတယ်” NHS အမှုဆောင်အရာရှိချုပ် Simon Stevens က NHS ၏ ကာကွယ်ဆေးထိုးနှံသည့်စင်တာတစ်ခုကို လာရောက်စဉ် ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရ၏ အရေးပေါ်အခြေအနေသိပ္ပံနည်းကျအကြံပေးအဖွဲ့ (SAGE) က အင်္ဂလန်နိုင်ငံရှိ ဒေသအားလုံးကို ကန့်သတ်ချက်အမြင့်ဆုံးဖြစ်သည့် အဆင့် ၄ တွင် ထားရှိရန်တိုက်တွန်းခဲ့သည်။ အဆိုပါနေရာများရှိ ဒေသခံများသည် ကန့်သတ်ထားသောကင်းလွတ်ခွင့်များနှင့် မိမိနေအိမ်တွင်သာ နေထိုင်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းဒေသများသို့ ဝင်ထွက်သွားလာခြင်းများမပြုလုပ်သင့်ကြောင်းနှင့် တတ်နိုင်လျှင် နေအိမ်မှအလုပ်လုပ်ကြရန် ပြည်သူများကိုတိုက်တွန်းထားသည်။
လန်ဒန်ရှိ ဆေးရုံများတွင် ကုသမှုခံယူလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် လူနာအရေအတွက်သည် ခရစ္စမတ်အကြိုနေ့ မှစ၍ ၁,၀၀၀ နီးပါးတိုးလာခဲ့ပြီး ကိန်းဂဏန်း အသစ်များပေါ်ထွက်လာခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က ဗိုင်းရပ်စ်ကြောင့် လူ ၄,၉၅၇ ဦးဆေးရုံတက်ရောက်ကုသခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်က ၃,၉၆၆ ဦးနှင့်နှိုင်းယှဉ်လျှင် ငါးရက်အတွင်း ၂၅ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။
လန်ဒန်နှင့် အင်္ဂလန်၏ အခြားဒေသများစွာတွင် ကန့်သတ်ချက် အဆင့် ၄ အောက်တွင် ထားရှိပြီးဖြစ်သည်။ အဆင့် ၁၊ ၂ နှင့် ၃ ရှိသော ဒေသများ၌ နေထိုင်သူများအနေဖြင့် ခရစ္စမတ်နေ့တစ်ရက်တည်းတွင် အိမ်ထောင်စုသုံးစုသာ ဆုံတွေ့ခွင့်ပြုထားပြီး အဆင့် ၄ ဒေသတွင် နေထိုင်သူများအတွက်မူ မိမိနေအိမ်မှလွဲ၍ ပြင်ပရှိမည်သူနှင့်မျှ ရောနှောတွေ့ဆုံခြင်းမပြုသင့်ကြောင်း သတ်မှတ်ထားသည်။
ပုံမှန်လူနေမှုဘဝသို့ပြန်ရောက်နိုင်ရန် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် ကဲ့သို့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိရန် အချိန်နှင့်အမျှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
—————————————–
(English Version)
UK records over 50,000 COVID cases overnight for first time
Another 53,135 people in Britain have tested positive for COVID-19, marking a new record daily increase in coronavirus cases in the country, according to the official figures. The total number of coronavirus cases in the country now stands at 2,382,865, the data showed.
Another 414 have died within 28 days of a positive test, bringing the total number of coronavirus-related deaths in Britain to 71,567, the data showed.
LONDON, Dec. 29 (Xinhua) — Britain recorded more than 50,000 coronavirus cases overnight for the first time since the outbreak of the COVID-19 pandemic in the world, according to official figures released Tuesday.
Another 53,135 people in Britain have tested positive for COVID-19, marking a new record daily increase in coronavirus cases in the country, according to the official figures. The total number of coronavirus cases in the country now stands at 2,382,865, the data showed.
Another 414 have died within 28 days of a positive test, bringing the total number of coronavirus-related deaths in Britain to 71,567, the data showed.
The latest figures were revealed as a scientist advising the British government warned Tuesday that “decisive” national action is needed to prevent a “catastrophe” in the new year.
Britain is “entering a very dangerous new phase of the pandemic” due to the spread of a new coronavirus variant, said Prof Andrew Hayward, a member of the government’s New and Emerging Respiratory Virus Threats Advisory Group (Nervtag).
“We’re going to need decisive, early, national action to prevent a catastrophe in January and February,” he told BBC Radio 4’s Today program.
“The previous levels of restrictions that worked before won’t work now, and so Tier Four restrictions are likely to be necessary, or even higher than that”.
British Health Secretary Matt Hancock is expected to announce any changes to England’s tier restrictions on Wednesday.
Also on Tuesday, the chief of the country’s National Health Service (NHS) warned that Britain is “back in the eye of the storm” as the number of patients being treated for COVID-19 in England’s hospitals has overtaken the peak in April.
“Now again we are back in the eye of the storm with a second wave of coronavirus sweeping Europe and, indeed, this country,” Simon Stevens, the chief executive of the NHS, said during a visit to an NHS vaccination center.
The British government’s Scientific Advisory Group for Emergencies (SAGE) has urged all regions of England to be placed in highest Tier Four restrictions, which require residents in the areas to stay at home, with limited exemptions. People are also urged to work from home when they can, and should not enter or leave those areas.
The number of coronavirus patients being treated in London hospitals has increased by almost 1,000 since Christmas Eve, stark new figures reveal.
On Monday, there were 4,957 people in hospital with the virus, compared to 3,966 on Dec. 24, a 25 percent rise in five days.
Unlike the UK as a whole London is yet to exceed its first wave peak of hospital patients, which hit 5,201 on April 9.
London and many other parts of England have already been under Tier Four restrictions. For those in Tiers One, Two and Three, up to three households were allowed to meet only on Christmas Day, while in Tier Four, people should not mix with anyone outside their own household, apart from support bubbles.
To bring life back to normal, countries such as Britain, China, Germany, Russia and the United States are racing against time to develop coronavirus vaccines.
1- Photo taken on Dec. 29, 2020 shows a man walking along the Waterloo Bridge backdropped by the Houses of Parliament in London, Britain. (Xinhua/Han Yan)
2- Photo taken on Dec. 29, 2020 shows a street in central London, Britain. (Xinhua/Han Yan)
3- Phot