Connect with us

WORLD

အမေရိကန်တွင် ကာကွယ်ဆေးထိုးနှံမှု ဓာတ်မတည့်ဖြစ်ရခြင်းမှာ PEGနှင့်ဆက်စပ်နိုင်ဟု ဆို၊ ဗြိတိန်တွင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ခွင့်ပြု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်ရှိ လမ်းမကြီး၏ မြင်ကွင်းအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်တွင် ကာကွယ်ဆေးထိုးနှံမှု ဓာတ်မတည့်ဖြစ်ရခြင်းမှာ Polyethylene glycol compound(PEG)နှင့်ဆက်စပ်နိုင်ကြောင်းနှင် ဗြိတိန်တွင် ဒုတိယမြောက် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး ခွင့်ပြုပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၃၀ ရက် ၁၆ နာရီ ၃၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၅၆၃,၉၈၃) ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၁၁,၇၈၄) ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၈၀,၇၇၃,၀၃၃) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၇၈၃,၆၁၉) ဦး အသီးသီး ရှိကြောင်း သိရသည်။

ခရီးသည်နည်းပါးသည့် နှစ်ထပ်ဘတ်စ်ကားတစ်စီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မောင်းနှင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၃၁ ရက် ၆ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၈၂,၅၁၀,၅၆၀) ဦး၊ စုစုပေါင်း သေဆုံးသူ (၁,၈၀၀,၄၀၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ (၁၉,၆၇၉,၄၅၅) ဦး နှင့် သေဆုံးသူ (၃၄၁,၃၁၃) ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ
အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး (၂၇၂,၀၀၀)ကျော် ထိုးနှံပြီးဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုကာလတွင်း ဆိုးဝါးသည် ဓာတ်မတည့်မှု (၆)ခု ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)၏ မကြာသေးမီက ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ ဓာတ်မတည့်သည့်တုံ့ပြန်မှုမှာ ကာကွယ်ဆေးအတွင်းရှိ Polyethylene glycol compound(PEG) နှင့်ဆက်စပ်နိုင်ကြောင်း ပညာရှင်များ၏အမြင်ကို မီဒီယာများက ကိုးကားဖော်ပြထားသည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လွှတ်တော်အဆောက်အဦရှေ့တွင် နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြတ်သန်းသွားသည်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန် ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်ပစ္စည်းများ ကြီးကြပ်ရေး အေဂျင်စီ(MHRA)၏ အကြံပြုချက်ကို လက်ခံပြီး အောက်စ်ဖို့တက္ကသိုလ်နှင့် AstraZenecaကုမ္ပဏီတို့ ပူးပေါင်းသုတေသနပြုထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထိုးနှံရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ၎င်းကာကွယ်ဆေးသည် ဗြိတိန်က ခွင့်ပြုလိုက်သည့် ဒုတိယမြောက်ကာကွယ်ဆေး ဖြစ်ကြောင်း သိရသည်။

မော်လ်တာနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃)ဦး တွေ့ရှိရကြောင်း မော်လ်တာ ကျန်းမာရေးဝန်ကြီး Chris Fearne က ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။ ၎င်းတို့အနက်(၂)ဦးမှာ ဗြိတိန်မှ မော်လ်တာသို့ ရောက်ရှိလာသည့် နိုင်ငံခြားသားဖြစ်ပြီး ကျန်(၁)ဦးမှာ ၎င်းနိုင်ငံသားဖြစ်ကြောင်း၊ ကူးစက်မှုလမ်းကြောင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် ဒီဇင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်အထိ ထပ်တိုး သေဆုံးလူနာဦးရေသည် ပြီးခဲ့သည်ရက်ကထက် (၁,၁၂၉)ဦး တိုးလာခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း သေဆုံးလူနာ ပထမဆုံးအကြိမ်အဖြစ် ထောင်ကျော်ရှိခဲ့ခြင်းဖြစ်ကြောင်း ရောဘတ် ကို့ချ် အင်စတီကျူ (RKI)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

လက်ရှိ ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှုပမာဏသည် စီစဉ်ထားသည့် ကျော်လွန်နေပြီဖြစ်ရာ လာမည့်နှစ် နွေဦးရာသီ မတိုင်မီ လူထုကို ကာကွယ်ဆေး လုံလောက်စွာနှင့် အဆင့်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း Rospotrebnadzor အကြီးအကဲ Popovaက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကပ်ရောဂါအခြေအနေဆိုးဝါးသည့် ဒေသများတွင် လူစုလူဝေးလှုပ်ရှားမှုကို တားမြစ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။ ခရီးသွားအပန်းဖြေ နာမည်ကျော်နေရာ ပတ္တရားကိုလည်း ထိုနေ့မှစ၍ ဘက်စုံကန့်သတ်ချက်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ပြုလုပ်ခဲ့သည်။ ပထမအသုတ်ကာကွယ်ဆေးမှာ Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းသုတေသနပြုထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်ပြီး ကူးစက်ရောဂါစင်တာမှ ဝန်ထမ်းများကို ပထမအသုတ်အဖြစ် ကာကွယ်ဆေးများ စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၄) ဦး ထပ်မံတွေ့ရှိခဲ့ရာ ယင်းကူးစက်မှုလူနာဦးရေသည် (၂၀)အထိ မြှင့်တက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Sinovac Biotechကုမ္ပဏီတို့အကြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူမှုဆိုင်ရာသဘောတူညီမှုစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတရုံးဝဘ်ဆိုက်က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံမှ ယူကရိန်းသို့ Sinovac ကာကွယ်ဆေး (၁.၉၁) သန်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း သိရသည်။

တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Faouzi Mehdiက ဒီဇင်ဘာ ၃၀ ရက်တွင် တူနီးရှားသို့ ကူညီအားဖြည့်ဆောင်ရွက်ပေးခဲ့သည့် (၂၄)သုတ်မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့အား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ရာ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ကော်၊ (၂၄)သုတ်မြောက် ဆေးဘက်ဆိုင်ရာအဖွဲ့ခေါင်းဆောင် လီစစ်ဟူတို့ အခမ်းအနားကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)全球疫情简报:美国疫苗接种过敏反应或与聚乙二醇有关 英国批准第二款新冠疫苗
2020-12-31 10:24:39

新华社北京12月31日电30日全球疫情简报:美国疫苗接种过敏反应或与聚乙二醇有关 英国批准第二款新冠疫苗
(小标题)全球数据
世界卫生组织:世卫组织网站最新数据显示,截至欧洲中部时间30日16时32分(北京时间23时32分),全球新冠确诊病例较前一日增加563983例,达到80773033例;死亡病例增加11784例,达到1783619例。
美国约翰斯•霍普金斯大学:截至北京时间31日6时22分,全球新冠确诊病例达82510560例,死亡病例为1800400例。美国是全球疫情最严重的国家,确诊病例达19679455例,死亡病例为341313例。
  (小标题)新闻事件
  美国疾病控制和预防中心日前公布的数据显示,截至12月19日,已有超过27.2万剂新冠疫苗在美国被接种,接种期间报告了6起比较严重的过敏反应。媒体援引专家观点报道,过敏反应可能与疫苗中的聚乙二醇化合物有关。
 英国政府30日宣布接受该国药品与保健品管理局建议,批准牛津大学与阿斯利康制药公司合作研发的新冠疫苗用于接种。这是英国批准的第二款新冠疫苗。
马耳他卫生部长费恩30日宣布,该国发现3例变异新冠病毒感染病例,其中2人是从英国来到马耳他的外国人,另1人是马耳他人,其感染路径仍在调查中。
  德国疾控机构罗伯特•科赫研究所30日公布的新冠疫情数据显示,截至当天零时,德国较前一日新增新冠死亡病例1129例,自疫情暴发以来新增死亡病例首次超千例。
 俄罗斯联邦消费者权益保护和公益监督局局长波波娃29日说,当前俄新冠疫苗产量超过计划,明年春季前将有充足的疫苗为民众分阶段接种。
  泰国政府30日宣布,为防控新冠疫情,即日起禁止国内疫情较严重地区的聚集性活动。度假胜地芭堤雅当天开始实施全面限制措施。
 新加坡30日启动新冠疫苗接种工作。首批接种的疫苗由美国辉瑞制药有限公司与德国生物新技术公司联合研发,首批接种者为该国传染病中心工作人员。
 印度卫生部30日说,印度又发现14例变异新冠病毒感染病例,使这类病例总数升至20例。
  (小标题)涉华动态
  据乌克兰总统办公室网站30日发布的消息,乌卫生部与中国科兴控股生物技术有限公司签署了新冠疫苗采购合同,中方将向乌方提供191万剂科兴公司生产的新冠疫苗。
  突尼斯卫生部长迈赫迪30日向中国第24批援突医疗队颁发荣誉证书,中国驻突尼斯大使张建国、第24批援突医疗队队长李士虎等出席当天的活动。(完)

图说1:这是12月29日在英国伦敦市中心拍摄的冷清的街道。 新华社记者 韩岩 摄
图说2:12月29日,一辆几乎没有乘客的双层巴士在英国伦敦的滑铁卢桥上行驶。新华社记者 韩岩 摄
图说3:12月29日,一名戴口罩的男子从英国伦敦的议会大厦前走过。新华社记者 韩岩 摄