Connect with us

WORLD

ထိုင်းနိုင်ငံက တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၂ သန်း မှာယူသွားရန်ရှိ

တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို ဝန်ထမ်းတစ်ဦးက၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်တွင် ထုတ်ဖော်ပြသနေစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ၂ သန်းကို ဝယ်ယူသွားရန် ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရုံးက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန(MOPH) က ပထမအသုတ် ကာကွယ်ဆေး အခုရေ ၂ သိန်း ကို လာမည့် ဖေဖော်ဝါရီလ ကုန်ပိုင်း ၊ ဒုတိယအသုတ် ကာကွယ်ဆေး အခုရေ ၈ သိန်းကို မတ်လ ကုန်ပိုင်း နှင့် ကျန်ရှိနေသော ကာကွယ်ဆေး အခုရေ တစ်သန်းကို ဧပြီလကုန်ပိုင်းတို့တွင် ထိုင်းနိုင်ငံသို့ အသီးသီး ရောက်ရှိလာရန် မျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နေ့စဉ် ထုတ်ပြန်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်-AstraZeneca နည်းပညာကိုအသုံးပြုထုတ်လုပ်ထားသည့် နောက်ထပ် ကာကွယ်ဆေး ၂၆ သန်းကိုလည်း ရရှိရန်ရည်မှန်းထားပြီး ယင်းကာကွယ်ဆေးများကို ထိုင်းနိုင်ငံအတွင်းရှိ Siam Bioscience ကုမ္ပဏီမှ ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးများကို ယခုနှစ် မေလအတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံရှိ WHO ရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ နောက်ဆုံး ကူးစက်ပျံ့နှံမှုကို ဘန်ကောက်မြို့တော်အနီးရှိ ကမ်းရိုးတမ်းပြည်နယ်တစ်ခုဖြစ်သော စမွတ်စခွန်းတွင် ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံ၏ ပြည်နယ်များ နှင့် ဒေသများ သုံးပုံနှစ်ပုံကျော်အထိ ကူးစက်ပျံ့နှံ့သွားကြောင်း သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာ လလယ်ပိုင်းက ထိုင်းနိုင်ငံ၌ ကိုဗစ်လူနာ ၄,၃၀၀ ဦး အောက်သာရှိခဲ့ရာမှ ဇန်နဝါရီ ၃ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၇,၆၉၄ ဦးထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)
Thailand to order 2 mln doses of China’s COVID-19 vaccine: WHO
BANGKOK, Jan. 3 (Xinhua) — Thailand is expected to buy two million doses of COVID-19 vaccine developed by China’s pharmaceutical company Sinovac Biotech, the World Health Organization (WHO) in Thailand said Sunday.
Thailand’s Ministry of Public Health (MOPH) expected the first batch of 200,000 doses to arrive in the country at the end of February, the second batch of 800,000 doses to arrive at the end of March, while the remaining one million doses to arrive at the end of April, the organization said in a daily report.
The MOPH also anticipated the availability of another 26 million doses of vaccine using Oxford University-AstraZeneca formula and technology, which will be produced in Thailand by Siam Bioscience. They are expected to be available by May of this year, according to the WHO Thailand.
A latest COVID-19 outbreak in Thailand, first detected in Samut Sakhon, a coastal province near the capital Bangkok, has spread to over two-thirds of the country’s provinces and regions. The number of Thailand’s total confirmed cases rose to 7,694 on Sunday from less than 4,300 in mid-December. Enditem
Photo caption- A staff member displays samples of the COVID-19 inactivated vaccine at Sinovac Biotech Ltd., in Beijing, capital of China, March 16, 2020.(Xinhua/Zhang Yuwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.