Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် COVID-19ရောဂါ တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ အရေအတွက် စံချိန်တင် ထပ်မံမြင့်တက်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့Westminsterတံတားပေါ်တွင် စက်ဘီးစီးနေသူများအား ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ (၅၇,၇၂၅)ဦးရှိရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် အများဆုံးအဖြစ် ထပ်မံစံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ(၂,၅၉၉,၇၈၉)ဦး ရှိလာကြောင်း ဗြိတိန်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဗြိတိန်၏တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် ယခုကာလများတွင် မပြတ်စံချိန်တင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ထပ်တိုးလူနာဦးရေ (၄)သောင်းကျော် ရှိခဲ့ကြောင်း၊ ထို့နောက် နေ့စဉ်ထုတ်ပြန်သည့် ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် (၅)သောင်းနှင့်အထက် ရှိခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Piccadilly Circus၏ မြင်ကွင်းအား ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းကိန်းဂဏန်းများက ကပ်ရောဂါအန္တရာယ်ရှိနေဆဲဖြစ်သည်ကို လူများအား သတိပေးနေခြင်းဖြစ်ရာ ဗိုင်းရပ်စ်ပြန့်ပွားမှုမှာ အတော်မြင့်မားသည့်အနေအထားတွင် ရှိနေဆဲဖြစ်ကြောင်း အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာန ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး Yvonne Doyleက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ London Eye ချားရဟတ်အား ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် လက်ရှိ ခွင့်ပြုချက်ရ အသုံးပြုနေပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး(၂)မျိုးရှိကြောင်း သိရသည်။ အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာန ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ တာဝန်ခံ Mary Ramseyက ဌာနအနေဖြင့် ယင်းကာကွယ်ဆေးနှစ်မျိုးကို ရောနှောအသုံးမပြုရန် အကြံပြုရာ ပထမအကြိမ်ထိုးနှံပြီးသား ကာကွယ်ဆေးအမျိုးအစားကိုပင် ဒုတိယအကြိမ်ထိုးနှံမှုတွင် အလားတူ အသုံးပြုသင့်ကြောင့် ဆိုသည်။(Xinhua)
——————————————-
(Chinese Version)

(国际疫情)英国单日新增新冠确诊病例数再创新高

 新华社伦敦1月2日电(记者张家伟 金晶)英国政府2日发布的数据显示,英国当天新增新冠确诊病例57725例,再创该国疫情暴发以来单日新增确诊病例数最高纪录;累计确诊病例2599789例。
 数据显示,英国单日新增确诊病例数近期屡创新高,2020年12月28日首次超过4万例,此后英国政府每天发布的新增确诊病例数都在5万例以上。
英格兰公共卫生局医务主任伊冯娜•多伊尔在一份声明中说,这些数字提醒人们疫情的危险仍在,病毒传播仍处在较高水平。
图说1: 1月1日,人们在英国伦敦的威斯敏斯特桥上骑行。新华社发(雷伊•唐摄)
图说2:这是1月1日在英国伦敦拍摄的皮卡迪利广场。新华社发(雷伊•唐摄)
图说3: 这是1月1日在英国伦敦拍摄的“伦敦眼”。 新华社发(雷伊•唐摄)