Connect with us

WORLD

အီဂျစ်နိုင်ငံက တရုတ်နိုင်ငံ Sinopharmထုတ် COVID-19 ကာကွယ်ဆေးကို အသုံးပြုရန် တရားဝင်ခွင့်ပြု

အီဂျစ်နိုင်ငံ ကိုင်ရို နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ သုတေသနပြုထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးအား သယ်ဆောင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ကိုင်ရို၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ Sinopharmမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးကို အီဂျစ်တွင် အရေးပေါ် အသုံးပြုရန် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အီဂျစ်ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး Hala Zayedက ဇန်နဝါရီ ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

အီဂျစ်ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့(EDA)က ဇန်နဝါရီ ၃ ရက်တွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်များကို ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၊ ၎င်းခွင့်ပြုချက်များကို ဇန်နဝါရီ ၂ ရက်က လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ တရုတ်နိုင်ငံ ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်းထိရောက်မှုကို သိပ္ပံနည်းကျ သက်သေပြုထားကြောင်း Hala Zayedက ယင်းနေ့ အီဂျစ်ရုပ်မြင်သံကြားမီဒီယာမှတစ်ဆင့်ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရို နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ သုတေသနပြုထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးအား သယ်ဆောင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရို နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံမှ သုတေသနပြုထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးအား သယ်ဆောင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ကိုဗစ်အတည်ပြုလူနာ (၁,၄၀၇)ဦး ထပ်တိုးခဲ့ပြီး စုစုပေါင်းအတည်ပြုလူနာ (၁၄၀,၈၇၈)ဦး၊ အသစ်ထပ်တိုး ရောဂါသက်သာပျောက်ကင်းသူ (၆၅၄)ဦးနှင့် စုစုပေါင်း ရောဂါပျောက်ကင်းသွားသူ (၁၁၃,၄၈၀)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ(၅၄)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၇,၇၄၁)ဦး ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် ယူအေအီးမှ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးပို့သည့် တရုတ်နိုင်ငံထုတ် COVID-19ကာကွယ်ဆေးများသည် ကိုင်ရို နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျောက်လိချန်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် တရုတ်နိုင်ငံအမျိုးသား ကျန်းမာရေးကော်မရှင်ကိုယ်စား အီဂျစ် ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးMohamed Hassani နှင့်အတူ “တရုတ်-အီဂျစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ”အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-

(Chinese Version)
(国际疫情)埃及正式批准使用中国国药集团新冠灭活疫苗
2021-01-03 20:03:04
  新华社开罗1月3日电(记者吴丹妮 马哈茂德•富利)埃及卫生与人口部部长哈拉•扎耶德2日晚表示,埃及正式批准在埃紧急使用中国国药集团新冠灭活疫苗。
 哈拉•扎耶德通过埃及电视媒体表示,埃及药品管理局将于3日把相关官方许可送至卫生部,该许可已于2日签发,中国新冠疫苗的安全性和有效性已得到科学认证。
埃及卫生部3日声明说,该国2日新增新冠确诊病例1407例,累计确诊140878例;新增治愈654例,累计治愈113480例;新增死亡54例,累计死亡7741例。
 2020年12月10日晚,由阿联酋方面向埃及卫生部提供的中国新冠疫苗运抵开罗国际机场。中国驻埃及大使廖力强2020年12月31日代表中国国家卫生健康委员会和埃及卫生与人口部副部长穆罕默德•哈桑尼共同签署《中埃关于新冠病毒疫苗合作意向书》。(完)
图说(1-3): 12月10日,在埃及开罗国际机场,工作人员运输中国研制生产的新冠疫苗。 新华社记者邬惠我摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.