Connect with us

WORLD

COVID-19ရောဂါ ကာကွယ်တားဆီးရန် တစ်နိုင်ငံလုံး ရုံး ၉ ရက် ပိတ်မည်ဟု ရုရှားသမ္မတ ပူတင် ကြေညာ 

ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၂၅ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

မော်စကို၊ မတ် ၂၆ ရက်(ဆင်ဟွာ)

COVID-19ရောဂါ ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် မတ် ၂၈ ရက်မှ ဧပြီ ၅ ရက်အထိ တစ်နိုင်ငံလုံးရှိ ရုံးများကို ပိတ်ထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၂၅ ရက်တွင် ရုပ်မြင်သံကြားမှတဆင့် မိန့်ခွန်းပြောကြားကြေညာခဲ့သည်။

လက်ရှိ အရေးကြီးဆုံးသည် ရောဂါ ပြန့်ပွားမှုမများပြားစေရန် ကာကွယ်တားဆီးရန်သာဖြစ်ကြောင်း သမ္မတ ပူတင်က ဆိုသည်။“ရုရှားတစ်နိုင်ငံလုံး ပြည်သူတွေက အစိုးရနဲ့ ဆရာဝန်များရဲ့အကြုံပြုချက် ကို လေးစားလိုက်နာကြပါ။ မိမိနဲ့မိမိရဲ့မိသားစုကို ကာကွယ်ဖို့ဆိုရင် အိမ်မှာ နေတာက အလုံခြုံဆုံးပါ။ ”ဟု သမ္မတပူတင်က တိုက်တွန်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်က မတ် ၂၅ ရက်တွင် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ပြည်သူများ၏စည်းလုံးညီညွတ်စွာဖြင့် လက်ရှိရှုပ်ထွေးသည့်အခြေအနေနှင့် အစိုးရ၏ လိုအပ်သည့် ရောဂါကာကွယ်တားဆီးရေး ဆောင်ရွက်မှုများကို နားလည်ကြရန်၊ စည်းလုံးမှုနှင့် ကူညီရိုင်းပင်းမှုကသာ ရောဂါကပ်ဘေး စိန်ခေါ်မှုကို အနိုင်ရ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရနှင့် လူမှုအသိုက်အဝန်းအသီးသီး၏ ကြိုးပမ်းမှုကြောင့် လက်ရှိ ရုရှားနိုင်ငံနိုင်ငံ၌ COVID-19 ရောဂါပြန့်ပွားမှုမများပြားစေရန် အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး  “ကျန်းမာရေးဝန်ထမ်းတွေက နိုင်ငံကို ကာကွယ်ဖို့ ရှေ့တန်းက ရပ်တည်နေကြတယ်။ ကိုယ်ကျိုးစွန့်ပေးဆပ်လိုတဲ့စိတ်ဓာတ်က လေးစားထိုက်တယ်။”ဟု သမ္မတ ပူတင်က ဆိုသည်။ 

ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဂိုလီကိုဗာ(Golikova)၏ မတ် ၂၅ ရက်က ပြောကြားချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်းတွင် ရုရှားနိုင်ငံ၌ COVID-19ရောဂါ အတည်ပြုလူနာသည် ၄၉၅ ဦးမှ ၆၅၈ဦးအထိ တိုးလာပြီး ကုသပျောက်ကင်းသွားသူ စုစုပေါင်း ၂၉ ဦးရှိကြောင်း သိရသည်။

ရုရှားနိုင်ငံသည် မတ် ၁၈ ရက်မှစ၍ နိုင်ငံခြားသာပြည်ဝခွင့်ကို ယာယီ ကန့်သတ်ခဲ့သည်။ ပြီးခဲ့သောရက်က ဝန်ကြီးချုပ် မက်ခိုင်ရယ် မစ်ရှက်စတင်  (Mikhail Mishustin)ဦးဆောင်သည့် COVID-19 ရောဂါတိုက်ဖျက်ရေး ညှိနှိုင်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.