Connect with us

WORLD

ကမ္ဘာပေါ် တွင် COVID-19 ကူးစက်ခံရသူ ၄ သိန်းကျော်ထိ ရောက်ရှိသွားပြီကြောင်း WHO ထုတ်ပြန်ကြေညာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ၏ မတ်လ ၂၅ ရက် နောက်ဆုံး ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ လေးသိန်းကျော်ထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ် တွင် လူပေါင်း ၄၁၃,၄၆၇ ဦး ကူးစက် ခံခဲ့ရပြီး ၁၈,၄၃၃ ဦး သေဆုံးခဲ့ကာ နိုင်ငံ နှင့် ဒေသ ပေါင်း ၁၉၆ ခု တွင် ကပ်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ပြင်ပ ၌ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံမှာ အီတလီ နိုင်ငံ ဖြစ်ပြီး လူပေါင်း ၆၉,၁၇၆ ဦး ကူးစက် ခံရကြောင်း ၊ အီတလီ ပြီးနောက် တွင် အမေရိကန် နိုင်ငံ နှင့် စပိန် နိုင်ငံ တို့ ဖြစ်ကြပြီး လူပေါင်း ၅၁,၉၁၄ ဦး နှင့် ၃၉,၆၇၃ ဦး အသီးသီး ကူးစက် ခံခဲ့ရကြောင်း သိရှိရသည်။

ကမ္ဘာပေါ် တွင် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ အနေဖြင့် မတ်၂၄ ရက် တွင် ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့ပြီး ၃၂ ကြိမ်မြောက် တိုကျို အိုလံပစ် ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ၂၀၂၁ ခုနှစ် နွေရာသီ ထက်နောက်မကျဘဲကျင်းပ ပြုလုပ်သွားရန် သဘောတူညီချက် ထုတ်ပြန်ကြေညာ ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က မတ် ၂၅ ရက် ၌ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအား ရွှေ့ဆိုင်းကျင်းပ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် အလွန်ခက်ခဲပြီး မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)