WORLD
အီဂျစ်နိုင်ငံတွင် သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါလူနာများအတွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းစတင်
ကိုင်ရို၊ မတ် ၅ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါခံစားနေရသောလူနာများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၄ ရက်၌ စတင်ခဲ့ကြောင်း အီဂျစ် အစိုးရအဖွဲ့က ကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဦးစားပေးအုပ်စုနှစ်ခုဝင်နိုင်ငံသားများအား ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းကို ကိုင်ရိုရှိ ကျန်းမာရေးစင်တာတစ်ခု၌ ဝန်ကြီးချုပ် Mostafa Madbouly နှင့် ကျန်းမာရေးဝန်ကြီး Hala Zayed တို့က ကြည့်ရှုခဲ့ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)
အီဂျစ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများအား အီဂျစ်ဆေးဝါးအာဏာပိုင် (EDA) က စစ်ဆေးခြင်းမှစတင်၍ ဦးစားပေးအဆင့်များအရ ဖြန့်ဖြူးခြင်းလုပ်ဆောင်သည်အထိ သိပ္ပံနည်းလမ်းကျ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း Madbouly အလေးထားပြောခဲ့သည်။
ကာကွယ်ဆေးထိုးနှံလိုသူများအနေဖြင့် မှတ်ပုံတင်နိုင်ရန် ဝက်ဘ်ဆိုက်တစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပြီး အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံမည့်အရေအတွက် တိုးမြင့်လာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ဝက်ဘ်ဆိုက်သို့ဝင်မရသူများအနေဖြင့်လည်း နီးစပ်ရာဆေးရုံ၌ ကာကွယ်ဆေးထိုးနှံရန် လျှောက်ထားနိုင်ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ EDA က ပထမဆုံး ခွင့်ပြုပေးခဲ့သော တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးဖြင့် အစိုးရဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ခဲ့ကြောင်း၊ EDA က Oxford/AstraZeneca နှင့် Sputnik V ကာကွယ်ဆေးများကိုလည်း မကြာသေးမီက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံရာစင်တာ ၄၀ ကို သတ်မှတ်ထားခဲ့ပြီး အီဂျစ်နိုင်ငံသို့ ကာကွယ်ဆေးရောက်ရှိမှုများအလိုက် စင်တာအရေအတွက်အား ဖြည်းဖြည်းချင်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောခဲ့သည်။
အီဂျစ်နိုင်ငံတွင် သေဆုံးသူ ၁၀,၈၂၂ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၁၄၂,၁၅၅ ဦး အပါအဝင် စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၈၄,၁၆၈ ဦးရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Egypt starts COVID-19 vaccination for elderly, patients with chronic diseases
Source: Xinhua| 2021-03-04 22:01:48|Editor: huaxia
CAIRO, March 4 (Xinhua) — Egypt started on Thursday vaccinating elderly people and patients with chronic diseases against COVID-19, the Egyptian cabinet said in a statement.
Prime Minister Mostafa Madbouly and Health Minister Hala Zayed were present at one of Cairo medical centers to witness the two categories of citizens receiving their first shots of the anti-coronavirus vaccine.
Madbouly stressed that the state is carrying out the vaccination process in a scientific manner, starting with testing the vaccines through the Egyptian Drug Authority (EDA) until their distribution according to priorities.
He noted that the Health Ministry has launched a website to register citizens who would like to be vaccinated, adding that the government will work on increasing the number of recipients of the vaccines.
Meanwhile, those who cannot access the website could apply for vaccination at the nearest hospital.
In late January, Egypt started vaccinating medical staff of government hospitals with Chinese Sinopharm COVID-19 vaccine, which was the first to be approved by the EDA that recently approved Oxford/AstraZeneca and Sputnik V vaccines.
For her part, the Egyptian health minister said that the ministry specified 40 vaccination centers that will be eventually increased with the inflow of vaccine doses to Egypt.
Egypt has so far confirmed a total of 184,168 COVID-19 cases, including 10,822 deaths and 142,155 recoveries. Enditem
1- A medical worker shows a dose of COVID-19 vaccine in a hospital in Cairo, Egypt, March 4, 2021. Egypt started on Thursday vaccinating elderly people and patients with chronic diseases against COVID-19, the Egyptian cabinet said in a statement. Prime Minister Mostafa Madbouly and Health Minister Hala Zayed were present at one of Cairo medical centers to witness the two categories of citizens receiving their first shots of the anti-coronavirus 2-vaccine. (Xinhua/Ahmed Gomaa)
2- A woman receives a dose of COVID-19 vaccine in a hospital in Cairo, Egypt, March 4, 2021. Egypt started on Thursday vaccinating elderly people and patients with chronic diseases against COVID-19, the Egyptian cabinet said in a statement. Prime Minister Mostafa Madbouly and Health Minister Hala Zayed were present at one of Cairo medical centers to witness the two categories of citizens receiving their first shots of the anti-coronavirus vaccine. (Xinhua/Ahmed Gomaa)
3- 4 – A man receives a dose of COVID-19 vaccine in a hospital in Cairo, Egypt, March 4, 2021. Egypt started on Thursday vaccinating elderly people and patients with chronic diseases against COVID-19, the Egyptian cabinet said in a statement. Prime Minister Mostafa Madbouly and Health Minister Hala Zayed were present at one of Cairo medical centers to witness the two categories of citizens receiving their first shots of the anti-coronavirus vaccine. (Xinhua/Ahmed Gomaa)