Connect with us

WORLD

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှု ပထမဆုံး ဖြစ်ပွား

တောင်ကိုရီးယားနိုင်ငံ Goyang-si မြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၆ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးနောက်သေဆုံးသူ (၂)ဦး ရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA)နှင့် ဒေသခံအစိုးရက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသူ (၂)ဦးစလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွင် နေထိုင်ကြသူများ ဖြစ်ပြီး ရောဂါအခံရှိသည့် အမျိုးသားများ ဖြစ်ကြောင်း၊ အချင်းဖြစ်ပွားမှုသည် ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်စပ်မှုရှိမရှိကို ရောဂါကာကွယ်ရေးဌာနက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြထားသည်။

Gyeonggi ပြည်နယ် Pyeongtaek-siမြို့ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာရှိ အသက်(၆၃)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၂၇ ရက်က AstraZeneca ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး နောက်တစ်နေ့တွင် ကိုယ်ပူချိန်မြင့်လာခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ့ခြင်း စသည့်ပုံမှန်မဟုတ်သည့်လက္ခဏာများ ဖြစ်ခဲ့ပြီး ပြန်ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် သွေးဆိပ်တက်ရောဂါနှင့် အဆုတ်ရောင်ရောဂါလက္ခဏာများ ဖြစ်လာခဲ့ကြောင်း ၊ မတ် ၂ ရက်တွင် ဆေးရုံပြောင်းကုသခဲ့သော်လည်း မတ် ၃ ရက်နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ ယင်းအမျိုးသားတွင် ယခင်က ဦးနှောက်နှင့်သွေးကြောဆိုင်ရာရောဂါ ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ Gwangjuမြို့ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးရန် ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Gyeonggi ပြည်နယ် Pyeongtaek-siမြို့ရှိ အခြား ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတစ်ခုတွင် အသက်(၅၀)အရွယ် အမျိုးသား တစ်ဦးသည် မတ် ၂ ရက်က AstraZeneca ကာကွယ်ဆေး ထိုးနှံပြီးနောက် ရုတ်တရက် နှလုံးရပ်ခြင်းနှင့် အသက်ရှူကြပ်ခြင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ရာ အရေးပေါ်ကုသမှုများပြုလုပ်ခဲ့ရာ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ၊ သို့သော် မတ် ၃ ရက် နံနက်ပိုင်းတွင် ရုတ်တရက် နှလုံးရပ်သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသားတွင် ယခင်က နှလုံး၊ ဆီးချိုနှင့်လေဖြတ်ရောဂါအခံရှိကြောင်း သိရသည်။

လူ(၂)ဦး၏ သေဆုံးမှုမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်ဆက်စပ်မှုရှိမရှိ အတည်ပြုရန် ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA)၏ အကြီးအကဲ Jung Eun-kyeongက မတ် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အခြားနိုင်ငံများတွင် ယခင်က ရောဂါအခံနှင့်အခြားအကြောင်းအရင်းများကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက်သေဆုံးမှုဖြစ်ပွားခဲ့သည်များ ရှိသော်လည်း AstraZenecaကြောင့်သေဆုံးသည့် အခြေအနေမျိုးမတွေ့ရသေးကြောင်း၊ အများပြည်သူအနေဖြင့် စိုးရိမ်စိတ်မလွန်ကဲရန် ၊ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှုကို ငြင်းဆိုခြင်းမပြုကြစေလိုကြောင်း Jung Eun-kyeongက ဆိုသည်။

တောင်ကိုရီးယားတွင် လက်ရှိအသုံးပြုနေသည့် ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးရှိရာ အောက်စ်ဖိုဒ် တက္ကသိုလ်နှင့် ပူးတွဲသုတေသနပြုထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးနှင့် Pfizer- BioNTech ကာကွယ်ဆေးတို့ဖြစ်သည်။

တောင်ကိုရီးယား ဗဟို ကပ်ရောဂါကာကွယ်ရေးနှင့်ညွှန်ကြားရေးဌာန၏ မတ် ၃ ရက် သတင်းများအရ ပြီးခဲ့သည့် (၅)ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၈၇,၀၀၀)ကျော်ရှိရာ ၎င်းတို့အနက် အများစုမှာ AstraZeneca ကာကွယ်ဆေးထိုးထားခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် ဓာတ်မတည့်လက္ခဏာပြသူ (၂၀၉)ဦးရှိရာ ၎င်းတို့အနက် AstraZenecaနှင့်သက်ဆိုင်သူ (၂၀၈)ဦး ရှိကြောင်း၊ အများစုမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်းစသည့် လက္ခဏာအနည်းငယ်သာ ပြကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယခုနှစ် စက်တင်ဘာလတွင် လူပေါင်း (၃၂)သန်းမှ (၃၆)သန်း၊ လူဦးရေးအားဖြင့် (၆၀)ရာခိုင်နှုန်းမှ (၇၀)ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပေးရန် ၊ ယခုနှစ် နိုဝင်ဘာလတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း အလုံးစုံပြီးမြောက်ကာ လူထုကိုယ်ခံအားစနစ်တည်ဆောက်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

တောင်ကိုရီးယား ဗဟို ကပ်ရောဂါကာကွယ်ရေးနှင့်ညွှန်ကြားရေးဌာန၏ မတ် ၃ ရက် သတင်းများအရ မတ် ၂ ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ (၄၄၄)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၉၀,၈၁၆)ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ (၆)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၁,၆၁၂)ဦး ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
韩国首次通报接种新冠疫苗后死亡病例
2021-03-04 10:11:38
Image Carouse
  新华社北京3月4日电(记者王宏彬)韩国疾病管理厅和地方政府3日说,韩国2月26日启动新冠疫苗接种以来,出现两起接种疫苗后死亡病例。韩国媒体披露,两名死者均为住在疗养医院、有基础疾病的男性,防疫部门正在调查这是否与接种疫苗存在因果关系。
  韩联社援引知情官员的话报道,京畿道平泽市一家疗养医院的一名63岁男子2月27日接种阿斯利康疫苗,次日出现高烧、全身疼痛等异常症状,病情一度好转,但后来又出现败血症和肺炎症状,本月2日转院,3日上午不治死亡。这名男子之前有脑血管疾病。
  京畿道高阳市另一家疗养医院的一名50多岁男子2日接种阿斯利康疫苗后,出现急性心肌梗塞和呼吸困难症状,经过抢救病情好转,但3日早上再次突发心梗死亡。这名男子之前有心脏病、糖尿病和脑中风。
韩国疾病管理厅厅长郑银敬3日在记者会上说,疾病管理厅和当地政府正在进行流行病学调查,以确定二人的死因是否与接种新冠疫苗有关。
  她说,其他国家先前报告多起因基础疾病和其他原因、接种新冠疫苗后死亡的病例,但未发现阿斯利康疫苗或辉瑞疫苗致死的情况,希望民众不要过分担心、不要因此抵制接种。
  韩国目前使用的两款疫苗为英国阿斯利康制药公司与牛津大学联合研发的新冠疫苗以及美国辉瑞制药有限公司和德国生物新技术公司联合研发的新冠疫苗。
  据韩国中央防疫对策本部3日通报,过去5天,超过8.7万人接种疫苗,其中绝大多数人接种的是阿斯利康疫苗;接种后出现异常反应的报告累计209起,其中与阿斯利康相关的报告208起,绝大多数为头疼、发热等轻微的不良反应。
  韩国希望到今年9月为3200万至3600万人接种疫苗,约占总人口的60%至70%;到今年11月完成接种工作、实现群体免疫。
 韩国中央防疫对策本部3日报告,当地时间2日0时至24时,韩国单日新增确诊病例444例,累计确诊90816例;新增死亡6例,累计死亡1612例。

图说1 :2月26日,医务人员在韩国高阳市一家保健所进行疫苗接种工作。(新华社/纽西斯通讯社)
图说2: 2月26日,医务人员在韩国光州市一家疗养院准备进行疫苗接种工作。(新华社/纽西斯通讯社)