Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) တရုတ်နိုင်ငံက အာရပ်အဖွဲ့ချုပ်အား COVID-19 ရောဂါကာကွယ်ဆေးများထောက်ပံ့ပေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့က ကပ်ရောဂါကာကွယ်ရေး တိုးချဲ့ဆောင်ရွက်လာ

တရုတ်နိုင်ငံ မှ အီဂျစ်နိုင်ငံ နှင့် အာရပ်အဖွဲ့ချုပ်အား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများ ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့စဉ်(ဆင်ဟွာ)

ကိုင်ရို ၊ မတ် ၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးရုံး တို့က မတ်လ ၄ ရက်၌ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံအချို့က ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး တစ်ချိန်တည်းတွင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း အရှေ့အလယ်ပိုင်းဒေသရှိ ဆင်ဟွာသတင်းထောက်များ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ၊ အာရပ်အဖွဲ့ချုပ်ဆိုင်ရာ ကိုယ်စားလှယ် လျောင်လိချန် နှင့် အာရပ်အဖွဲ့ချုပ် ဒုတိယအတွင်းရေးမှူးချုပ် Hossam Zaki တို့က မတ်လ ၄ ရက်၌ ကိုင်ရိုမြို့ရှိ အာရပ်အဖွဲ့ချုပ်တွင် တရုတ်နိုင်ငံ မှ ကူညီထောက်ပံ့ပေးသော ကာကွယ်ဆေးလွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အီဂျစ်နိုင်ငံတွင် မတ်လ ၄ ရက်မှစတင်၍ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာခံစားနေရသည့်လူနာများအား COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် နှင့် ကျန်းမာရေးဝန်ကြီး တို့၏ ရှေ့မှောက်တွင် ကိုင်ရိုမြို့ရှိ ဆေးဝါးကုသမှုစင်တာတစ်ခု၌ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်း အီဂျစ်နိုင်ငံအစိုးရအဖွဲ့၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ အီဂျစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၅ ရက် နံနက်ပိုင်းအချိန်ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ မတ်လ ၄ ရက်တွင် အီဂျစ်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၈၇ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈၄,၇၅၅ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၄၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀,၈၇၁ ဦးရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူစုစုပေါင်း ၁၄၂,၆၁၀ ဦးရှိကြောင်း သိရှိရသည်။

ပါလက်စတိုင်းနိုင်ငံသမ္မတ Mahmoud Abbas က မတ်လ ၄ ရက်၌ သမ္မတ အမိန့်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အရ အရေးပေါ်အခြေအနေကို အချိန်တစ်လ ထပ်မံတိုးမြှင့်ကာ COVID-19 ကပ်ရောဂါအခြေအနေ၏ အပြောင်းအလဲကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပါလက်စတိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ ပါလက်စတိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ ပြန့်ပွားလာသည်နှင့်အမျှ ကပ်ရောဂါကူးစက်မှုသည်လည်း လျင်မြန်စွာမြင့်တက်လာကြောင်း ၊ ဒေသအသီးသီးရှိ ဆေးရုံများတွင် လူနာတိုးမြင့်လာမှု ၊ အသက်ရှူစက်အသုံးပြုရမှု နှင့် COVID-19 ရောဂါကြောင့် သေဆုံးရမှုတို့က ပြင်းထန်စွာ မြင့်တက်လာခဲ့ကြောင်း ၊ မတ်လ ၄ ရက်တွင် ပါလက်စတိုင်းနိုင်ငံ ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂,၃၀၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၂၁၆,၈၀၂ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၈ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၂,၃၁၄ ဦးရှိလာကာ ရောဂါမှပြန်လည်သက်သာလာသူ ၁၉၄,၁၂၄ ဦးရှိကြောင်း သိရှိရသည်။

ကူဝိတ်နိုင်ငံ၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ ကူဝိတ်နိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၇၁၆ ဦးရှိခဲ့ပြီး ၄ ရက်ဆက်တိုက် တစ်နေ့အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရမှုစံချိန်သစ်များဖြစ်ပေါ်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၆,၄၉၇ ဦးအထိရောက်ရှိလာခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁,၁၀၅ ဦးအထိရှိရာ ရောဂါမှပြန်လည်သက်သာလာသူ ၁၈၃,၃၂၁ ဦးရှိကြောင်း သိရှိရသည်။ ကူဝိတ်နိုင်ငံအစိုးရက မတ်လ ၇ ရက်မှ စတင်၍ အချိန်တစ်လကြာ ညမထွက်ရအမိန့်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ညမထွက်ရသည့် အချိန်က နေ့စဉ် ၁၇ နာရီ မှ နောက်နေ့နံနက် ၅ နာရီအချိန်ထိဖြစ်ကြောင်း ၊ စားသောက်ဆိုင် နှင့် ကော်ဖီဆိုင်များအတွင်း အစားအသောက်သုံးဆောင်ခြင်းကို ကန့်သတ်သွားမည်ဖြစ်ပြီး ပါဆယ်ဝယ်ယူခြင်းအပေါ် သက်ရောက်မှုမရှိကြောင်း ၊ ဥယျာဉ်များနှင့် အပန်းဖြေစခန်းများကို ပိတ်သိမ်းထားရမည်ဖြစ်ပြီး အငှားယာဉ်ဖြင့်သွားလာရာတွင် အများဆုံးခရီးသည် ၂ ဦးသာ လိုက်ပါနိုင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အိုမန်နိုင်ငံ ၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် အိုမန်နိုင်ငံ ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၆၉ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၄၂,၈၉၆ ဦးအထိ ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁,၅၈၃ ဦးရှိခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၃၃,၄၉၁ ဦးရှိကြောင်း သိရှိရသည်။ အိုမန်နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မတ်လ ၄ ရက်၌ တိုင်ကြားရေးစင်တာကို ထူထောင်ခဲ့ပြီး ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအား ချိုးဖောက်သည့် တိုင်ကြားချက်များကို ၂၄ နာရီ လက်ခံပေးသွားမည်ဖြစ်ကြောင်း ၊ ထို့ပြင် အိုမန်နိုင်ငံ ရဲတပ်ဖွဲ့ က အများပြည်သူသွားလာရာနေရာများတွင် ကင်းလှည့်မှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး သီးသန့်ခွဲခြားနေထိုင်ခြင်းခံရသူများ စည်းကမ်းလိုက်နာမှုရှိရန် နှင့် လူအများစုဝေးမှုကို ဟန့်တားနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃,၈၁၇ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၇၉၂,၆၈၆ ဦးအထိရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၉ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅,၈၂၁ ဦးရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၇၄၅,၇၃၁ ဦးရှိကြောင်း သိရှိရသည်။ ထို့ပြင် အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၄ ရက်ထုတ်ပြန်ကြေညာချက်အရ အစ္စရေးနိုင်ငံတွင် လူပေါင်း ၄.၈၈ သန်းအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နိုင်ငံလူဦးရေ စုစုပေါင်း၏ ၅၂.၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ အချို့သောနိုင်ငံများ၏ မတ်လ ၄ ရက်နောက်ဆုံးကြေညာချက်အရ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ တူရကီနိုင်ငံတွင် ၂,၇၄၆,၁၅၈ ဦး ၊ အီရန်နိုင်ငံတွင် ၁,၆၆၅,၁၀၃ ဦး ၊ အီရတ်နိုင်ငံတွင် ၇၁၃,၉၉၄ ဦး ၊ မော်ရိုကိုနိုင်ငံတွင် ၄၈၅,၁၄၇ ဦး ၊ ဂျော်ဒန်နိုင်ငံတွင် ၄၁၃,၃၅၀ ဦး ၊ ယူအေအီးနိုင်ငံတွင် ၄၀၂,၂၀၅ ဦး ၊ လက်ဘနွန်နိုင်ငံတွင် ၃၈၆,၈၅၁ ဦး ၊ ဆော်ဒီအာရေဗျနိုင်ငံတွင် ၃၇၈,၇၀၈ ဦး ၊ တူနီးရှားနိုင်ငံတွင် ၂၃၅,၆၄၃ ဦး ၊ ကာတာနိုင်ငံတွင် ၁၆၅,၅၄၆ ဦး ၊ လစ်ဗျားနိုင်ငံတွင် ၁၃၆,၅၈၇ ဦး ၊ ဘာရိန်းနိုင်ငံတွင် ၁၂၄,၈၅၇ ဦး ၊ အယ်လ်ဂျီးရီးယားနိုင်ငံတွင် ၁၂၂,၇၆၁ ဦး နှင့် ဆီးရီးယားနိုင်ငံတွင် ၁၅,၈၁၅ ဦး အသီးသီးဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Versio
(国际疫情)综合消息:中国向阿盟提供援助疫苗 部分中东国家加强防疫措施
2021-03-05 11:12:02 分类: 科学技术
  新华社开罗3月5日电综合新华社驻中东地区记者报道:中国驻埃及使馆4日与阿盟秘书处举行中国援助疫苗交接仪式,部分中东国家继续加强防疫措施,同时加快推进新冠疫苗接种计划。
  中国驻埃及大使兼驻阿盟代表廖力强4日同阿盟副秘书长胡萨姆•扎基在位于开罗的阿盟总部举行中国援助疫苗交接仪式。
  埃及内阁4日发表声明说,埃及当天开始为老年人和慢性病患者接种新冠疫苗,埃及总理马德布利、卫生部长扎耶德当天在开罗一家医疗中心见证了接种过程。埃及卫生部5日凌晨公布的数据显示,4日新增确诊病例587例,累计确诊184755例;新增死亡病例49例,累计死亡10871例;累计治愈142610例。
  巴勒斯坦总统阿巴斯4日发布总统令,宣布即日起将紧急状态再延长一个月,以应对新冠疫情变化。巴卫生部当天表示,随着变异新冠病毒的蔓延,巴勒斯坦疫情曲线快速上扬,各地医院病床占用率、呼吸机占用率以及新冠死亡率迅猛攀升。巴卫生部4日报告全国新增确诊病例2300例,累计确诊216802例;新增死亡18例,累计死亡2314例;累计治愈194124例。
  科威特4日报告新增确诊病例1716例,连续第四天单日新增创新高,累计确诊196497例,累计死亡1105例,累计治愈183321例。科威特政府当天宣布自7日起实施为期一个月的宵禁,宵禁时间为每日17时至次日5时;禁止在餐馆、咖啡馆堂食,外卖服务不受影响;关闭公园和休闲场所;出租车最多可载两名乘客。
  阿曼4日报告新增确诊病例369例,累计确诊142896例,累计死亡1583例,累计治愈133491例。阿曼警方当天设立投诉中心,24小时接受有关违反防疫措施的投诉。警方强调将加强对公共场所的巡逻,确保被隔离人员依规隔离,制止群体活动。
  以色列卫生部4日报告新增确诊病例3817例,累计确诊792686例;新增死亡病例19例,累计死亡5821例;累计治愈745731例。卫生部当天表示,目前以色列已累计逾488万人接种新冠疫苗,约占全国总人口的52.5%。
  还有一些中东国家4日更新了累计确诊病例:土耳其2746158例,伊朗1665103例,伊拉克713994例,摩洛哥485147例,约旦413350例,阿拉伯联合酋长国402205例,黎巴嫩386851例,沙特阿拉伯378708例,突尼斯235643例,卡塔尔165546例,利比亚136587例,巴林124857例,阿尔及利亚122761例,叙利亚15815例。(执笔记者:吴丹妮;参与记者:黄灵、熊思浩、王薇、杨元勇、郑思远、王峰、尚昊、陈斌杰、夏晨、张淼、苏小坡、刘宗亚、涂一帆、潘晓菁、汪健)(完)

Photo
中国援助埃及的首批新冠疫苗23日凌晨运抵开罗,援助阿盟秘书处的新冠疫苗也同机抵达。新华社记者 邬惠我 摄