WORLD
အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူ ၄ ထောင်ကျော်ထိရှိလာ

ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါဖြင့်သေဆုံးသူ ၄,၀၇၆ ဦး ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက် ကိန်းဂဏန်းများတွင်ဖော်ပြထားသည်။(Xinhua)