Connect with us

WORLD

အင်ဒိုနီးရှား နိုင်ငံ သမ္မတက COVID-19 ကူးစက်ရောဂါ အတွက် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ 

အင်ဒိုနီးရှား နိုင်ငံ၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို(Joko Widodo)က နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်အား မတ် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ 

“အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာပါတယ်။”ဟု ၎င်းက teleconference ဖြင့် ပြုလုပ်သော ရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှား နိုင်ငံ၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အလျှင်အမြန် ပြန့်နှံ့မှုအားတားဆီးရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ၎င်း၏ အစိုးရ အဖွဲ့ သည် လူမှုရေးဆိုင်ရာ ကန့်သတ်မှု မူဝါဒတစ်ခုကို အကောင်အထည်ဖော်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် ကျန်းမာရေး စောင့်ကြပ်ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေသည် ယင်းမူဝါဒ၏ အခြေခံ စည်းမျဉ်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကိုလည်း ယင်းမူဝါဒကို လိုက်နာအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့  ကိုယ်ပိုင်မူဝါဒများကို အသီးသီး ဖန်းတီး လုပ်ဆောင်ကြြခင်းမပြုရန်လည်း  ၎င်းက ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှား နိုင်ငံ၌ မတ် ၃၁ ရက် အထိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၃၆ ဦး ရှိပြီး အတည်ပြုလူနာ ၁,၅၂၈ ဦး ရှိကြောင်း COVID-19 ရောဂါနှင့် ဆက်စပ်သည့် ကိစ္စရပ်များ အားလုံး အတွက် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Achmad Yurianto ထံမှ သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117