Connect with us

WORLD

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ ၂ ဦး ထပ်မံသက်သာ ၊ ရောဂါပျောက်ကင်းသူ ၂၅ ဦးထိရှိပြီဖြစ်

COVID-19 ရောဂါကုသရေးလုပ်ဆောင်နေသော ကမ္ဘောဒီးယားဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံး ရောဂါသက်သာပျောက်ကင်းသွားသူ လူနာ နှစ်ဦးအနက် တစ်ဦးမှာ အသက်၃၀ နှစ်အရွယ် ကမ္ဘောဒီးယားလူမျိုးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၆၁ နှစ်အရွယ် မလေးရှားလူမျိုးတစ်ဦးဖြစ်ကြောင်း ၊ ၎င်းတို့သည် နိုင်ငံအနောက်တောင်ပိုင်း Kep ပြည်နယ် ရှိ Kep ဆေးရုံမှ မတ် ၃၁ ရက်တွင် ဆင်းခွင့်ရခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ ၈၄ ဦး ရောဂါကုသရေး ဆေးရုံများတွင် အသီးသီး ဆေးကုသမှုခံယူလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မတ် ၃၁ ရက်တွင် နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသော လူနာသစ် မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိအချိန်ထိ လူပေါင်း ၅,၇၆၈ ဦးကို ရောဂါကူးစက်ခံထားရခြင်း ရှိမရှိစစ်ဆေးခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း ၁၀၉ ဦး ရှိကြောင်း သိရသည်။  (Xinhua)