WORLD
အမေရိကန်နိုင်ငံ၌COVID-19 ရောဂါဖြင့် တစ်ရက်အတွင်း သေဆုံးသူ ၈၈၄ ဦးဖြင့် အများဆုံး စံချိန်တင်

ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါကြောင့် တစ်ရက်အတွင်း လူသေဆုံးမှု အများဆုံးစံချိန်အဖြစ် ဧပြီ ၁ ရက် (၂၄ နာရီအတွင်း) သေဆုံးသူ ၈၈၄ ဦးထိ ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဧပြီ ၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။
လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၄,၇၅၇ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။(Xinhua)