Connect with us

WORLD

COVID-19 တိုက်ဖျက်ရေးအတွက် တခြားနိုင်ငံများအပေါ် ကူညီရန် တရုတ်နိုင်ငံ၏ အားထုတ်မှုကို ထရမ့် ကြိုဆို

တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာပစ္စည်းများ ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊  ဧပြီ ၂ ရက် (ဆင်ဟွာ) 

 COVID-19 တိုက်ဖျက်နေသည့် နိုင်ငံနှင့်ဒေသများကို တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (PPE) များ ထောက်ပံ့မည့် တရုတ်နိုင်ငံ၏အားထုတ်မှုကို ကြိုဆိုကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြားကို ကူညီထောက်ပံ့တင်ပို့မှုများ နှင့်ပတ်သက်ပြီး မေးမြန်းရာ တရုတ်နိုင်ငံသည် COVID-19  တိုက်ပွဲတွင် ကမ္ဘာ့ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြစ်သည်ဟု ထရမ့်က ပြောခဲ့ပြီး တရုတ်နိုင်ငံက တခြားနိုင်ငံများကိုကူညီနေခြင်းမှာ ကောင်းမွန်သည်ဟု ရှုမြင်ကြောင်း ပြောခဲ့သည်။  

‘ကျွန်တော်တို့ လက်ရှိမှာ ကမ္ဘာ့နိုင်ငံ ၁၅၁နိုင်ငံ  ဗိုင်းရပ်စ်ကူးစက်ခံနေတယ်’ ဟု အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်အထူးလုပ်ငန်းအဖွဲ့မှ ဗိုင်းရပ်စ်ဖြစ်ပွားနေမှုများအား တုံ့ပြန်ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး သတင်းထောက်များကို ရှင်းလင်းပြောကြားရာတွင် သမ္မတ ထရမ့်က ပြောခဲ့သည်။  ‘တချို့နိုင်ငံတွေမှာ  ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့  အရမ်းရှုပ်ထွေးမှု မရှိပါဘူး’ ဟုလည်းထပ်မံပြောဆိုခဲ့သည်။

‘တရုတ်နိုင်ငံက သူတို့ကိုကူညီနိုင်တယ်ဆိုရင် ကျွန်တော်လည်းအပြည့်အဝ ထောက်ခံပါတယ် ’ ဟု ထရမ့်က ပြောခဲ့သည်။‘ကမ္ဘာ့နိုင်ငံတွေကို အရန်ပစ္စည်းထောက်ပံ့မှုတွေ   ဆေးဝါးအထောက်အပံ့တွေ ပေးမယ့် တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို ကျွန်တော် နှစ်သက်သဘောကျပါတယ် ’ ဟု ထရမ့်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.