Connect with us

WORLD

အီရန်နိုင်ငံ၌ နေ့စဉ် COVID-19 စမ်းသပ်နိုင်စွမ်းကို လူဦးရေ နှစ်သောင်းအထိ တိုးမြှင့်သွားမည်ဟုဆို 

အီရန်နိုင်ငံ၌ ပိုးသတ်ဆေး ဖြန်းနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) 

အီရန်နိုင်ငံ၌ လာမည့်ရက်များအတွင်း နေ့စဉ် COVID-19 စမ်းသပ်မှုများကို အရေအတွက် နှစ်ဆတိုးသွားမည် ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဧပြီ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ 

တာဝန်ရှိသူများ အနေဖြင့် ရောဂါဖြစ်ပွားမှုများကို ပိုမို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် နေ့စဉ် စမ်းသပ်မှု အရေအတွက်များကို လက်ရှိတွင် တစ်ရက်လျှင် လူဦးရေ တစ်သောင်း စစ်ဆေးရာမှ နှစ်သောင်းအထိ နှစ်ဆတိုး စစ်ဆေးသွားမည် ဖြစ်ကြောင်း အီရန်နိုင်ငံ Pasteur တက္ကသိုလ် အကြီးအကဲ ဖြစ်သူ Alireza Biglari ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။

နိုင်ငံတစ်ဝှမ်းတွင် COVID-19  စမ်းသပ်မှုများ ပြုလုပ်သော ဓာတ်ခွဲခန်း အရေအတွက်မှာလည်း ယခုအခါ စုစုပေါင်း ၉၀ ခန်း အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုအခါတွင် အီရန်ဇီဝဆေးဝါးကုမ္ပဏီများကလည်း COVID-19 စမ်းသပ်ကိရိယာများအား စီးပွားရေး ပမာဏ ထုတ်လုပ်ရန် ကျန်းမာရေး တာဝန်ရှိသူများထံမှ လက်မှတ်များ ရရှိထားကြောင်း ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။ 

စမ်းသပ်ကိရိယာများအား  ပြည်တွင်း၌ အလုံအလောက် သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်နိုင်ကြောင်း Biglari က ထည့်သွင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက် အထိ ထုတ်ပြန်ချက် အရ နိုင်ငံအတွင်း နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ၄၇,၅၉၃ ဦး ရှိပြီး ၎င်းတို့အနက် ၃,၀၃၆ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ (Xinhua)