Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၄၁ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံတွင် နှာခေါင်းစည်းဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများက COVID-19 အသိပညာပေး လက်ဆေးပြနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၈၃၄ ဦးအထိ ရောက်ရှိလာပြီးနောက်  သေဆုံးသူ အရေအတွက် ၄၁ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။

“မနေ့က (ဧပြီ ၁ ရက်) ညနေအထိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ဆက်စပ်နေတဲ့ သေဆုံးသူဦးရေ ၄၁ ဦး ရှိတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏အဆိုအရ  ရောဂါကုသခြင်းတိုးတက်မှုများပြသပြီးနောက် လူ ၁၄၄ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် အရေအတွက်မှာ ၁,၆၄၉ ဦးရှိသည်ဟု သတင်းအချက်အလက်များအရ သိရသည်။

 

ဧပြီ ၁ ရက် နံနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ အရေအတွက်မှာ ၁,၆၃၇ ဦးဖြစ်ပြီး  သေဆုံးသူ အရေအတွက်မှာ ၃၈ ဦးရှိသည်ဟု ဆိုသည်။

 

ဧပြီ ၂ ရက်ဆိုလျှင်  ကပ်ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ်ရန်  အစိုးရမှ နိုင်ငံတစ်ဝန်း အသွားအလာပိတ်ဆို့မှု ကြေညာသည့် ကိုးရက်မြောက်နေ့အဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ အာဏာပိုင်များက နိုင်ငံတစ်ဝန်း  လူအသွားအလာများကို တားဆီးကန့်သတ်ရန် ညမထွက်ရ အမိန့်ကဲ့သို့ တင်းကျပ်သည့်ကန့်သတ်ချက်များပြဌာန်းခဲ့သည်။ ပိတ်ဆို့မှုများနောက်ပိုင်းတွင် မရှိမဖြစ်လွတ်ကင်းခွင့်ရသည့်ဝန်ဆောင်မှုများမှလွဲပြီး ကုန်းလမ်း ရေလမ်းနှင့် လေကြောင်းများအကုန် ဆိုင်းငံ့ထားခဲ့သည်။

အိန္ဒိယအစိုးရမှ  နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်မှု ကွင်းဆက် များကို ချိုးဖျက်နိုင်ရန် တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ရန် နိုင်ငံကို ဧပြီ ၁ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.