Connect with us

WORLD

အမေရိကန်ရေတပ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုဖြစ်ပွားနေသည့် လေယာဉ်သင်္ဘောပေါ်မှ ဝန်ထမ်းများအား ပြောင်းရွှေ့ပေးနေ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တားဆီးရန် အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စ်ဗဲ့ ( USS Theodore Roosevelt) ပေါ်ရှိ အရေအတွက် ထောင်ချီသော သင်္ဘောသားများကို အမေရိကန်ရေတပ်က ပြောင်းရွှေ့ပေးနေကြောင်း ယာယီရေတပ်ဝန်ကြီး Thomas Modly က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်မှနေ၍ သတင်းသမားများအား တယ်လီဖုန်းဖြင့်ပြောကြားရာတွင် Modly က သင်္ဘောသား ၁,၀၀၀ နီးပါးသည် အဆိုပါ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပေါ်မှ ဆင်းသွားကြပြီဖြစ်ကြောင်း ၊ ယခုအခါ ၎င်းသင်္ဘောကို ဂူအမ်တွင် ကျောက်ချထားကြောင်း နှင့် လာမည့် နှစ်ရက်တွင် သင်္ဘောပေါ်ပါ ဝန်ထမ်း ၂,၇၀၀ ကျော်ကို အောက်ဆင်းနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိအချိန်ထိ လေယာဉ်သင်္ဘော ရုဒ်စ်ဖဲ့ပေါ်လိုက်ပါလာသော သင်္ဘောသားများအနက် ၉၃ ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပြီး ၎င်းတို့အနက် ၈၆ ဦးမှာ ရောဂါလက္ခဏာဖော်ပြသော်လည်း ကျန် ခုနှစ်ဦးမှာ ရောဂါလက္ခဏာမပြကြောင်း Modly ကရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိတွင် သင်္ဘောသား ၅၉၃ ဦးတွင် ရောဂါပိုးကူးစက်ခံထားရခြင်းမရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ သင်္ဘောသား ၁,၃၀၀ နီးပါးကို ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း နှင့် အချို့မှာ ရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အမေရိကန်နိုင်ငံ USS သီအိုဒိုရုဒ်စ်ဗဲ့ လေယာဉ်တင်သင်္ဘောအားတွေ့ရစဉ်(ဆင်ဟွာ)

“ သင်္ဘောသားအားလုံးကို သင်္ဘောပေါ်ကဆင်းသွားဖို့ ကျွန်တော်တို့မလုပ်နိုင်ပါဘူး” ဟု Modly က ပြောကြားခဲ့ပြီး ရုဒ်စ်ဗဲ့လေယာဉ်တင်သင်္ဘော၏ အကြီးအကဲရော သင်္ဘောဆေးတပ်ဖွဲ့ဝင်များကပါ ဝန်ထမ်းအားလုံးကို ပြောင်းရွှေ့ပေးရန် တောင်းဆိုထားခြင်းမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)