Connect with us

WORLD

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် COVID-19 ရောဂါလက္ခဏာပိုမိုဆိုးရွားလာ၍ အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူနေရ

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ၎င်းခံစားနေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာပိုမိုဆိုးရွားလာသဖြင့် ဧပြီ ၆ ရက် ညပိုင်းတွင် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူခဲ့ရကြောင်း  ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

ဂျွန်ဆင်က အလုပ်ကိစ္စရပ်များတွင် ၎င်းအတွက် ပြုမူဆောင်ရွက်ပေးရန် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dominic Raab အား ပြောကြားခဲ့ကြောင်း  ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။အသက် ၅၅ နှစ်အရွယ်ရှိ ဗြိတိန်ဝန်ကြီးချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၀ ရက်အကြာ ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာသဖြင့် ဧပြီ ၅ ရက် ညပိုင်းတွင် လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံသို့ တက်ရောက် ကုသမှုခံယူခဲ့ရသည်။ဝန်ကြီးချုပ်အနေဖြင့် သူ၏ ဆေးကုသရေးအဖွဲ့လမ်းညွှန်ချက်အတိုင်း နေထိုင်နေကြောင်း နှင့် အကောင်းဆုံး ပြုစုကုသမှုခံယူလျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)