Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁ သောင်းကျော်ရှိလာ 

အမေရိကန်နိုင်ငံ နယူးယောက်ရှိ ယာယီဆေးရုံတစ်ခုအား ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

ဧပြီ ၆ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် (EST) ၁၃ နာရီ ၃၀ မိနစ် အချိန်အထိ  အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၃၃၅ ဦး ရှိကြောင်း Johns Hopkins တက္ကသိုလ်၏ ယင်းနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။

နယူးယောက်ပြည်နယ်သည် အတည်ပြုလူနာနှင့်သေဆုံးသူအရေအတွက်အများဆုံးဖြစ်ပြီး အတည်ပြုလူနာ ၁သိန်း ၃ သောင်းကျော်၊ သေဆုံးသူ ၄,၇၅၈ ဦး ရှိရာ ၎င်းတို့အနက် ၃,၀၄၈ ဦးသည် နယူးယောက်မြို့မှဖြစ်ကြောင်း သိရသည်။ ထို့အပြင် နယူးဂျာစီပြည်နယ်တွင် သေဆုံးသူ ၉၁၇ ဦး ၊ မီဂျီကန်ပြည်နယ်တွင် သေဆုံးသူ ၆၁၇ ဦး ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် သေဆုံး ၃၅၀ ဦး ရှိကြောင်း  Johns Hopkins တက္ကသိုလ်၏ ကိန်းဂဏန်းများအရ သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် COVID-19 ကြောင့် သေဆုံးသွားသောလူနာများ၏ ရုပ်အလောင်းများအား ဆေးဝန်ထမ်းများမှ သယ်ယူနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကပ်ရောဂါကြောင့် သေဆုံးသွားသူများ၏ရုပ်လောင်းများအား ထားရှိရာ ရေခဲတိုက်ကားများကို ဧပြီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် စုစုပေါင်း အတည်ပြုလူနာ ၃၄၇,၀၀၃ ဦး ရှိရာ ရောဂါသက်သာပျောက်ကင်းသွားသူ ၁၈,၉၅၃ ဦး ရှိကြောင်း သိရသည်။အဆိုပါကိန်းဂဏန်းများသည် Johns Hopkins တက္ကသိုလ် COVID-19 ရောဂါသုတေသနစီမံကိန်းမှ အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီး၏ ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာများအပေါ် ပေးပို့လာသော ကိန်းဂဏန်းများအား တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)