Connect with us

WORLD

တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအထောက်အပံ့များအတွက် ကျေးဇူးတင်ရှိကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတပြောကြား 

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ ထောက်ပံ့သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား လေယာဉ်ပေါ်မှချနေစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ သမ္မတ အန်းဒရက်စ် မာနျူယယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) က တရုတ်နိုင်ငံမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အထောက်အပံ့များပေးပို့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း နှင့် အထူးသဖြင့် မက္ကဆီကို၌ အမြောက်အမြားလိုအပ်လျက်ရှိသည့် ဆေးဘက်ဆိုင်ရာထောက်ပံ့များအတွက် ကျေးဇူးတင်ရှိကြောင်း ဧပြီ ၈ ရက်တွင် ပြောခဲ့သည်။ 

“တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာကိရိယာတွေ နဲ့ ထောက်ပံ့မှုတွေ ရောက်ရှိလာပါပြီ။ တရုတ်အစိုးရ ကို အထူးကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ အလိုအပ်ဆုံးဖြစ်တဲ့  တစ်ကိုယ်ရည်သုံးကာကွယ်ရေးဝတ်စုံလိုမျိုး ကျွန်တော်တို့မှာ မရှိတာတွေကို အဆင်ပြေအောင်ပံ့ပိုးပေးခဲ့လို့ပါ” ဟု နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ လိုပက်ဇ် အိုပရာဒေါက သတင်းထောက် များအား ပြောခဲ့သည်။

ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်ထားသည့် ပထမဆုံးလေယာဉ်သည် ဧပြီ ၇ ရက်က မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့သို့ ရောက်ရှိခဲ့သည်။ ၎င်းလေယာဉ်ပေါ်တွင် မက္ကဆီကိုနိုင်ငံ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဖြန့်ဝေပေးရန် လက်အိတ်များ နှာခေါင်းစည်းများ တန်နှင့်ချီတင်ဆောင်လာခဲ့ကြောင်း သိရသည်။

ဧပြီ ၇ ရက် ညနေပိုင်းအထိ  မက္ကဆီကိုနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရသည့် အတည်ပြုလူနာ ၂,၇၈၅ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၄၁ ဦးရှိကြောင်း သိရသည်။  (Xinhua)