Connect with us

WORLD

အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာ ၄ သိန်းကျော်ရှိပြီဟု Johns Hopkins တက္ကသိုလ် ဆို 

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၏ မြင်ကွင်းတစ်နေရာအား ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ဧပြီ ၉ ရက်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၄ သိန်း ကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 

လက်ရှိတွင် အမေရိကန် နိုင်ငံသည်  တစ်ကမ္ဘာလုံးအတိုင်းအတာတွင် COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်နေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၏ မြင်ကွင်းတစ်နေရာအား ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၏ မြင်ကွင်းများအား ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၈ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၂:၃၀နာရီ အချိန်အထိ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ နိုင်ငံအတွင်း COVID-19 ရောဂါအတည်ပြုလူနာသည် ၄၀၁,၁၆၆  ဦး ၊သေဆုံးသူ ၁၂,၉၃၆  ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးဒေသမှာ နယူးယောက်ပြည်နယ်ဖြစ်ပြီး အတည်ပြုလူနာ ၁၄၀,၃၈၆ ဦး ၊ သေဆုံးသူ ၅,၄၈၉ ဦး ရှိကြောင်း သိရသည်။

အတည်ပြုလူနာအရေအတွက် ၁ သောင်းနှင့်အထက်ရှိသော ပြည်နယ်များမှာ နယူးဂျာစီ၊ မီချီဂန် ၊ ကယ်လီဖိုးနီးယား ၊ လူဝီစီယားနား ၊ မက်ဆာချူးဆက် ၊ ပင်ဆယ်ဗေးနီးယား၊ ဖလော်ရီဒါ၊ အီလီနွိုင်းပြည်နယ်များမှ ဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ ကိန်းဂဏန်းများအရသိရသည်။

အဆိုပါကိန်းဂဏန်းများသည် Johns Hopkins တက္ကသိုလ် COVID-19 ရောဂါသုတေသနစီမံကိန်းမှ အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီး၏ ရောဂါဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာများအပေါ် ပေးပို့လာသော ကိန်းဂဏန်းများအား တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.