Connect with us

WORLD

အိန္ဒိယ နိုင်ငံ၌ Lockdown သတ်မှတ်ချက် ဖြေလျှော့ပေးမည့် ကာလတွင် COVID-19 အတည်ပြုလူနာ ၇၄,၀၀၀ ကျော်ရှိ 

အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ရှိ ရထားဘူတာရုံသို့ ရောက်ရှိလာသော ခရီးသည်များအား မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံသည် COVID-19 ရောဂါပိုး ရှိသူ စုစုပေါင်း ၇၄,၂၈၁ ဦး နှင့် သေဆုံးသူ ၂,၄၁၅ ဦး ရှိလာခဲ့ပြီးနောက်တွင် မေ ၁၃ ရက်၌ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါ အမြင့်ဆုံး ခံစားရသည် နိုင်ငံများစာရင်းတွင် အဆင့် ၁၂ နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းကိန်းဂဏန်းများနှင့်အတူ အိန္ဒိယနိုင်ငံသည် အတည်ပြုလူနာပေါင်း ၇၁,၁၅၇ ဦးရှိသည့် ကနေဒါနိုင်ငံကို ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ စာရင်းဇယားများအရ သိရသည်။

အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့ရှိ ရထားဘူတာရုံသို့ ရောက်ရှိလာသော ခရီးသည်များအား မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ဆေးဘက်ဆိုင်ရာ သုတေသနအဖွဲ့တစ်ခုဖြစ်သည့် အိန္ဒိယဆေးသုတေသနကောင်စီ(ICMR) ၏ အဆိုအရ မေ ၁၃ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲနမူနာပေါင်း ၁,၈၅၄,၂၅၀ ခုအား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက COVID-19 ရောဂါကြောင့် ဖြစ်ပေါ်ခဲ့ရသော သက်ရောက်မှုများ နှင့် ရက်သတ္တပတ်များစွာ ပြုလုပ်ထားသည့် Lockdown ကြောင့် ဖြစ်ပေါ်ခဲ့ရသော သက်ရောက်မှုများအား ကုစားပေးနိုင်ရန် အမေရိကန် ဒေါ်လာ ၂၆၇ ဘီလီယံ အသုံးပြုသွားမည့် အစီအစဉ်တစ်ရပ်ကို ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းကြေညာခဲ့သည်။

အဆိုပါ အစီအစဉ်အသစ်သည် အိန္ဒိယနိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။ 

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယ နိုင်ငံ အနေဖြင့် COVID-19 ရောဂါ ကူးစက်မှုကို တိုက်ဖျက်ရေး အတွက် စတုတ္ထအဆင့် lockdown အစီအစဉ်အား မေ ၁၈ ရက်တွင် စတင်မည် ဖြစ်ပြီး လက်ရှိ လုပ်ဆောင်နေသော lockdwon တတိယအဆင့် အစီအစဉ်သည် မေ ၁၇ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း ဆိုသည်။

အိန္ဒိယ နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပေါ်နေစဉ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်သတ္တပတ် ၇ ပတ်နီးပါး ချမှတ်ထားသော lockdown အစီအစဉ်ကို ဖြေလျှော့မှုတစ်စိတ်တစ်ပိုင်းအဖြစ်  မေ ၁၂ ရက်တွင် နိုင်ငံအတွင်းရှိ ရထားလမ်း ကွန်ရက် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံအတွင်း lockdown အစီအစဉ်ကို မတ် ၂၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.