Connect with us

WORLD

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံ

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ဝန်ကြီးချုပ် အီမရန်ခန်း (ဝဲ) အားတွေ့ရစဉ် (ဓာတ်ပုံ- Press Information Department of Pakistan/Handout via Xinhua)

အစ္စလာမ်မာဘတ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ သမ္မတ Sinopharm COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဝန်ကြီးချုပ် အီမရန်ခန်းလည်း မတ် ၁၈ ရက်တွင် အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ခန်းသည် အစ္စလာမ်မာဘတ်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်၏ ကျန်းမာရေးဆိုင်ရာ အထူးလက်ထောက် Faisal Sultan က အတည်ပြုပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်သည် နိုင်ငံအတွင်း ဒုတိယအဆင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်အတွင်း အသက် ၆၀ နှစ်ကျော် ပြည်သူများအား ထိုးနှံပေးရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် COVID-19 တတိယလှိုင်းအား တိုက်ဖျက်ရန် လုပ်ငန်းစဉ်စံနှုန်းကို လိုက်နာသင့်သည်ဟု ခန်းက အလေးထားပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi နှင့် ဇနီး Samina Alvi တို့သည် အစ္စလာမ်မာဘတ်မြို့တွင် မတ် ၁၅ ရက်က Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်ကို မတ် ၁၇ ရက်က လက်ခံရရှိခဲ့သည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း အမျိုးသား COVID ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသော Sinopharm ကာကွယ်ဆေးများ ရရှိပြီးနောက် ဖေဖော်ဝါရီလ အစောပိုင်း၌ တရားဝင်စတင်ခဲ့ကြောင်း၊ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Pakistani PM receives Sinopharm COVID-19 vaccine jab
Source: Xinhua| 2021-03-18 21:47:09|Editor: huaxia
ISLAMABAD, March 18 (Xinhua) — Days after Pakistani president received a Sinopharm vaccine jab, Pakistani Prime Minister Imran Khan on Thursday also received his COVID-19 jab with Sinopharm vaccine.
Khan, 68, received his COVID-19 jab in Islamabad, Special Assistant to the Pakistani Prime Minister on Health Faisal Sultan confirmed.
The Pakistani prime minister was administered the vaccine dose during the second phase of the vaccination process in the country in which people over 60 years of age are receiving vaccine doses.
On the occasion, Khan stressed that people across the country should follow the standard operating procedures to fight against the third wave of COVID-19 in the country, according to a statement from the Prime Minister Office.
On Monday, Pakistani President Arif Alvi and his wife Samina Alvi received their COVID-19 jabs with the Sinopharm vaccine in Islamabad.
Pakistan on Wednesday received the second batch of COVID-19 vaccines donated by the Chinese government.
Pakistan officially launched its National COVID Immunization Program across the country in early February shortly after receiving the Chinese government-donated Sinopharm vaccines, with the frontline healthcare workers given the priority for inoculation.
Pakistani Prime Minister Imran Khan (L) receives a dose of COVID-19 vaccine in Islamabad, Pakistan, March 18, 2021. Days after Pakistani president received a Sinopharm vaccine jab, Pakistani Prime Minister Imran Khan on Thursday also received his COVID-19 jab with Sinopharm vaccine. (Press Information Department of Pakistan/Handout via Xinhua)