Connect with us

WORLD

လာအိုနိုင်ငံတွင် COVID-19 ရောဂါတုံ့ပြန်ရေးအတွက် အီးယူနှင့် WHO ပံ့ပိုး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျောင်းဆင်းပြီးနောက် လမ်းဖြတ်ကူးနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၈ (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည် လာအိုနိုင်ငံ၌ COVID-19 တုံ့ပြန်ရေးအတွက် ပံ့ပိုးရန် စီမံကိန်းတစ်ခုကို ကြေညာခဲ့ကြောင်း သိရသည်။

အီးယူနှင့် WHO တို့သည် အရှေ့တောင်အာရှ ကျန်းမာရေးကပ်ရောဂါတုံ့ပြန်မှုနှင့် ပြင်ဆင်မှုစီမံချက်အောက်တွင် COVID-19 ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအတွက် ကျန်းမာရေးစနစ် ခိုင်မာစေရန် ယူရို သန်း ၂၀ ပံ့ပိုးခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများစွာ ပူးတွဲပံ့ပိုးပေးလျက်ရှိသည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ အီးယူနှင့် WHO တို့ကြား မိတ်ဖက်ဆောင်ရွက်မှုအရ လာအိုနိုင်ငံသည် ၂၀၂၁-၂၀၂၃ ကာလအတွက် ယူရို ၂.၈ သန်း လက်ခံရရှိမည်ဖြစ်ကြောင်း Vientiane Times နေ့စဉ်သတင်းစာက မတ် ၁၈ ရက်တွင် သတင်းဖော်ပြထားသည်။

အဆိုပါ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ကျန်းမာရေးစနစ်အားကောင်းလာခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေး အထူးသဖြင့် ရောဂါကူးစက်နိုင်ခြေ အများဆုံးရှိသူများနှင့် ၎င်းတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများသို့ ဝင်ရောက်နိုင်စေရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းစီမံကိန်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းဖြင့် အရေးပါသော ဒေသဆိုင်ရာ ချဉ်းကပ်မှုကို အလေးထားဖော်ပြခြင်းဖြစ်ကြောင်း အီးယူမှ ထုတ်ပြန်ချက်အရ သိရသည်။

လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အီးယူနှင့် WHO တို့နှင့်အတူ ဆောင်ရွက်ရသည့်အတွက် ကျေနပ်မိကြောင်း၊ ၎င်းတို့မှာ COVID-19 ကပ်ရောဂါကာလအတွင်း အရေးပါသော မိတ်ဖက်များဖြစ်ကြောင်း လာအို ဒုတိယ ကျန်းမာရေးဝန်ကြီး Phouthone Moungpak က ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်အတွင်း လာအိုနိုင်ငံသည် COVAX အစီအစဉ်မှတစ်ဆင့် ပထမအသုတ် ကာကွယ်ဆေး ၄၈၀,၀၀၀ လက်ခံရရှိမည်ဖြစ်ကြောင်း သတင်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်က WHO က လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအား ကြီးမားသော နည်းပညာထောက်ပံ့မှု ပံ့ပိုးပေးခဲ့ကြောင်း၊ ယင်းမှာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါကြောင်း လာအိုနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Mark Jacobs က မတ် ၁၇ ရက်က ပြောခဲ့သည်။ (Xinhua)
————————————
(English Version)
EU, WHO support COVID-19 response in Laos
2021-03-18 09:47:22
VIENTIANE, March 18 (Xinhua) — The European Union (EU) and the World Health Organization (WHO) have launched a project to support COVID-19 response in Laos.
The EU and WHO are jointly supporting several members of the Association of Southeast Asian Nations (ASEAN) by providing 20 million euros for health system strengthening for COVID-19 preparedness and response under the South East Asia Health Pandemic Response and Preparedness Project.
Under a partnership between the Lao Ministry of Health, the EU and WHO, Laos will receive 2.8 million euros for the 2021-2023 period, local daily Vientiane Times reported on Thursday.
The main aims of the project are to protect people’s health, especially that of the most vulnerable, and to ensure their rights and access to health services, by strengthening health systems. At the same time, the project emphasises the importance of a regional approach by increasing collaboration among ASEAN countries, according to a statement from the EU.
Lao Deputy Minister of Health Phouthone Moungpak said at the launch ceremony that the ministry was pleased to work with the EU and WHO as they have both been very important partners during the COVID-19 pandemic.
In the coming weeks Laos will receive the first batch of 480,000 doses of vaccines through the COVAX Facility, according to the report.
WHO Representative to Laos, Mark Jacobs, said at the event on Wednesday that in the past year, WHO has provided extensive technical support to the Lao Ministry of Health, which is critical for partner coordination. Enditem

Students wearing masks cross a street after school in Vientiane, Laos, May 19, 2020. The Lao government has announced all students nationwide can go back to schools on June 2, while final-year classes in primary, lower and upper secondary schools began on Monday. (Photo by Kaikeo Saiyasane/Xinhua)