Connect with us

WORLD

အမေရိကန်နိုင်ငံရှိ ပြည်နယ်များတွင် ရောဂါကူးစက်မှု အနည်းငယ်မြင့်တက်လာသဖြင့် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှု ကျွမ်းကျင်သူများ သတိပေး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီ၊ Inglewood မြို့တွင် ပြန်လည်ဖွင့်လှစ်ရန်အတွက် Planet Fitness စင်တာ ပြင်ဆင်နေသော ဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် ပြည်သူများအနေဖြင့် ရောဂါ ဘေးကင်းမှု ကာကွယ်ရေး ဆောင်ရွက်ချက်များကို သတိထားလိုက်နာခြင်းမပြုပါက COVID-19 တစ်ကျော့ပြန်ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ အလက်စကာ၊ ကွန်နက်တီကတ်၊ ဒယ်လာဝဲ၊ အိုင်ဒါဟို၊ မိန်းနှင့် နီဗားဒါး စသည်တို့အပါအဝင် ပြည်နယ်များစွာ၌ COVID-19 ရောဂါကူးစက်မှုများ အနည်းငယ်မြင့်တက်လျက် ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC) ၏ နောက်ဆုံးရအချက်အလက်များအရ သိရသည်။

အမေရိကန်နိုင်ငံ ဆီအက်တယ်မြို့တွင် လေဆိပ်အဝေးပြေးရထားပေါ်တွင် နှာခေါင်းစည်း တပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဒယ်လာဝဲ၊ အိုင်ဒါဟို၊ မီနီဆိုးတား၊ နီဗားဒါး၊ အော်ရီဂွန်နှင့် အနောက်ဗာဂျီးနီးယား အပါအဝင် ပြည်နယ်များစွာ၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားမှု မြင့်တက်နှုန်းမှာ ပျမ်းမျှ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

“ကျွန်မတို့ ပြန်လည်ထူထောင်လာရုံပဲရှိရာကနေ ပြန်ဆိုးသွားမယ့်အရာတွေကို မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဂရုမစိုက်ဘူးဆိုရင်၊ ကျွန်မတို့ရဲ့ ကာကွယ်ထားမှုတွေကလည်း မကြာမီ ကျဆုံးသွားမယ်ဆိုရင် ရောဂါတွေက တစ်ဖန်ပြန်ဖြစ်လာမှာဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးဆိုင်ရာ Kent State University College ရှိ ကူးစက်ရောဂါပျံ့ပွားမှုဆိုင်ရာ ပါမောက္ခ Tara Smith က ပြောခဲ့သည်။

ပြည်နယ်အချို့ ခေါင်းဆောင်များက နှာခေါင်းစည်းမတပ်မနေရ ညွှန်ကြာချက်များ ဖြေလျှော့ခြင်းနှင့် ကန့်သတ်ချက်များ လျှော့ချခြင်းများကြောင့် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှု အလားအလာနှင့်ပတ်သက်၍ ကျန်းမာရေးတာဝန်ရှိသူများက ထပ်ခါတလဲလဲ သတိပေးလျက်ရှိသည်။

ကျွမ်းကျင်သူများသည် ဗီဇပြောင်းဗိုင်းရပ်စ်များကို ကာကွယ်ဆေးထိုးနှံခြင်းများက မတားဆီးနိုင်ဖြစ်မည်ကို စိုးရိမ်ပူပန်လျက်ရှိပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူချင်းခပ်ခွာခွာနေထိုင်ခြင်းနှင့် လူစုလူဝေးနေရာများကို ရှောင်ရှားခြင်းကဲ့သို့သော ဘေးကင်းစိတ်ချမှု ဆောင်ရွက်ချက်များကို နှစ်ဆ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူများကို တိုက်တွန်းပြောကြားထားသည်။

အမေရိကန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမှာ စုစုပေါင်း ၄,၈၅၅ ခုရှိကြောင်း CDC အချက်အလက်များအရ သိရသည်။

အဆိုပါ ကူးစက်မှုအနက် ၄,၆၈၆ ခုမှာ ဗီဇပြောင်းဗိုင်းရပ်စ် B.1.1.7 ကြောင့်ဟု သိရကြောင်းနှင့် ယင်းဗိုင်းရပ်စ်မှာ မူလက ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သော ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။

တောင်အာဖရိကတွင် စတင်တွေ့ရှိခဲ့သော ဗီဇပြောင်းဗိုင်းရပ်စ်အသစ် B.1.351 ကြောင့် ကူးစက်မှု ၁၄၂ ခု နှင့် ဘရာဇီးနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သော ဗီဇပြောင်းဗိုင်းရပ်စ် P.1 ကြောင့် ကူးစက်မှု ၂၇ ခု ပါဝင်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Experts warn of COVID-19 resurgence as more U.S. states see uptick in infections
Source: Xinhua| 2021-03-19 04:48:21|Editor: huaxia
WASHINGTON, March 18 (Xinhua) — Public health experts are concerned that the United States may witness a COVID-19 resurgence if states and people do not cautiously follow safety and protective measures.
More than a dozen states have seen an uptick in COVID-19 infections, including Alaska, Connecticut, Delaware, Idaho, Maine, and Nevada, according to the latest data of the U.S. Centers for Disease Control and Prevention (CDC).
Several states, including Delaware, Idaho, Minnesota, Nevada, Oregon and West Virginia, have seen their case averages increase by at least 25 percent in the last week.
“I don’t expect to see something as bad as we just recovered from, but if we’re not careful, cases can rise again if we let our guard down too soon,” said Tara Smith, a professor of epidemiology at the Kent State University College of Public Health.
Health officials have repeatedly warned about a potential COVID-19 resurgence as some state leaders have lifted mask mandates and eased restrictions.
Experts are concerned that new variants are outpacing the vaccinations, and have called on the public to double down on safety measures such as wearing face masks, social distancing and avoiding crowded areas.
A total of 4,855 infection cases of coronavirus variants had been reported in the United States as of Tuesday, according to CDC data.
The vast majority of these cases, 4,686, were caused by the variant known as B.1.1.7, which was originally detected in Britain.
There were 142 cases of a new strain initially discovered in South Africa, called B.1.351, and 27 cases of the P.1 strain first discovered in Brazil.■
၁- Staff members of Planet Fitness prepare for reopening to the public in Inglewood, Los Angeles County, California, the United States, March 15, 2021. (Xinhua)
၂- People wearing face masks are seen on an airport express train in Seattle, the United States, March 14, 2021. (Xinhua/Wu Xiaoling)