WORLD
အီဂျစ်နိုင်ငံက တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြု
ကိုင်ရို ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံ၌ တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အီဂျစ်ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့(EDA)က ခွင့်ပြုခဲ့ကြောင်း ဧပြီ ၂၈ ရက် အစောပိုင်းတွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
“ဒီလို ဆောင်ရွက်တာက COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ နိုင်ငံသားအားလုံးအတွက် ကာကွယ်ဆေး ထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံရဲ့ အားထုတ်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။”ဟု အီဂျစ်နိုင်ငံ EDA ၏ ဇီဝဗေဒ နှင့် ဆန်းသစ်တီထွင်မှု ထုတ်ကုန်များ စီမံခန့်ခွဲမှု ဗဟိုဌာန အကြီးအကဲ Mahmoud Yassin က ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly နှင့် အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Liao Liqiang တို့အား ကိုင်ရိုမြို့၌ ဧပြီ ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
ကာကွယ်ဆေး၏ ထိရောက်မှု နှင့်အရည်အသွေးကို သေချာစေရန် နိုင်ငံတကာနှင့် ပြည်တွင်း အခြေအနေများအပေါ် အခြေခံပြီး လိုအပ်သည့် အကဲဖြတ်မှုများကို လုပ်ဆောင်ခဲ့ပြီးနောက် ကာကွယ်ဆေးအား အသုံးပြုရန် လိုင်စင်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံသည် ယခုအထိ တရုတ်နိုင်ငံ၏ Sinopharm ၊ ရုရှားနိုင်ငံ၏ Sputnik V နှင့် Oxford/AstraZeneca COVID-19 ကာကွယ်ဆေးများအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
အစိုးရဆေးရုံများရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ စတင်ခဲ့သည့် အီဂျစ်နိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို ဇန်နဝါရီလတွင် စတင်ခဲ့ကြောင်း သိရသည်။ဧပြီ ၂၁ ရက်တွင် ဇီဝဗေဒ ထုတ်ကုန်များ နှင့် ကာကွယ်ဆေးများအတွက် Egyptian Holding ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ ဇီဝဆေးဝါး ကုမ္ပဏီ Sinovac တို့သည် အီဂျစ်နိုင်ငံ၌ Sinovac COVID-19 ကာကွယ်ဆေးအား ထုတ်လုပ်ရန် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
Egypt approves Chinese Sinovac COVID-19 vaccine for emergency use
CAIRO, April 27 (Xinhua) — The Egyptian Drug Authority (EDA) approved the Chinese Sinovac COVID-19 vaccine for emergency use in Egypt, said the authority in a statement on its Facebook page on early Wednesday.
Mahmoud Yassin, head of EDA’s Central Administration for Biological and Innovative Products, said “the step is part of the state’s efforts to control the spread of COVID-19 and provide the vaccines for all citizens.”
He added that “the EDA has authorized the license of using the vaccine after carrying out the required assessment based on the international and domestic conditions to ensure the effectiveness and quality of the vaccine.”
Egypt has approved so far China’s Sinopharm, Russia’s Sputnik V, and Oxford/AstraZeneca COVID-19 vaccines for emergency use, the statement added.
In January, Egypt began a nationwide campaign of COVID-19 vaccination, starting with the medical staff of government hospitals.
On April 21, Egyptian Holding Company for Biological Products and Vaccines and Chinese biopharmaceutical company Sinovac signed an agreement to manufacture the Sinovac COVID-19 vaccine in the North African country. ■