Connect with us

WORLD

မျိုးဗီဇသစ် ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရန် အိန္ဒိယ၊တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်ခြင်းကို ဘယ်လ်ဂျီယံကန့်သတ်

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Zaventem လေဆိပ်တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်စ်ဆဲလ် ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

အိန္ဒိယ၊တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံ တို့မှ လာရောက်မည့် ခရီးသွားများအား ပြည်ဝင်ခွင့် ကန့်သတ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီး Annelies Verlinden က ဧပြီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

အကြံပေးကော်မတီက နိုင်ငံ ၃ နိုင်ငံတွင် ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇသစ်နှင့်ပတ်သက်၍ ဆွေးနွေးရန် အွန်လိုင်း၌ တွေ့ဆုံခဲ့ပြီးနောက် ခရီးသွားလာခွင့် ကန့်သတ်ချက်အား ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၄ ရက်အတွင်း အိန္ဒိယ၊ ဘရာဇီး သို့ တောင်အမေရိက သို့ သွားရောက်ခဲ့သူဖြစ်လျှင် ထိုသူများအနေဖြင့် ဘယ်ဂျီယံနိုင်ငံသားမဟုတ်ပါက သို့မဟုတ် မှတ်ပုံတင်မရှိပါက ဘယ်လ်ဂျီယံနိုင်ငံအတွင်း ခရီးသွားလာခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်နှင့်ခရီးသွားလာရန်လိုအပ်သော သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ မဖြစ်မနေခရီးသွားလာရသူများ၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းကဏ္ဍမှ သက်မွေးမှုလုပ်ငန်းအဖြစ်လုပ်ကိုင်နေများ အား အကန့်အသတ်ဖြင့် ဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ဘယ်လ်ဂျီယံနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ COVID-19 အတည်ပြုလူနာစုစုပေါင်း ၉၇၆,၀၈၈ ဦး နှင့် သေဆုံးသူ ၂၄,၀၆၅ ဦး ရှိကြောင်း သိရသည်။
ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ အမေရိကန်နှင့် ရုရှားအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကာကွယ်ဆေး ၂၇၆ မျိုးကို စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဧပြီ ၂၇ ရက်က ထုတ်ပြန်သော အ အချက်အလက် အရသိရသည်။ (Xinhua)
—————————————
(English Version)
Belgium to ban travel from India, S. Africa and Brazil over virus variants
BRUSSELS, April 27 (Xinhua) — Belgian Minister of the Interior Annelies Verlinden said Tuesday that a ministerial decree will be issued Wednesday banning travelers from India, South Africa and Brazil.
The decision on travel ban was made after the Consultative Committee met virtually to discuss the new coronavirus mutations emerging from the three countries, which are spreading at an alarming rate.
The ban prohibits anyone without Belgian nationality or not registered in the country to travel to Belgium if they have been traveling to India, Brazil or South Africa in the last 14 days.
A limited number of essential travels will be authorized to continue, including professionals working in the transport sector and the marines, as well as diplomats and members of international organizations who are required to travel for work.
To date, Belgium has recorded a total of 976,088 COVID-19 cases and 24,065 deaths since the beginning of the pandemic.
Globally, 276 candidate vaccines are still being developed in countries including Germany, Britain, China, United States and Russia, according to data provided by the World Health Organization on Tuesday. Enditem