Education & Health
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနများသို့ ပြသမှုအား ဖေဖော်ဝါရီ ၁ ရက်မှစ၍ Online Booking စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနများသို့လာရောက် ပြသမှုများအား ဖေဖော်ဝါရီ ၁ ရက်မှစ၍ အွန်လိုင်းကြိုတင်စာရင်းသွင်းခြင်း (Online Booking) စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။

Viber (သို့) Messenger ၏ search box တွင် caremebot ဟုရိုက်ထည့်ပြီးရှာရန် ညွှန်ပြထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်ပြည်သူ့ဆေးရုံကြီး)

Online Booking အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရွေးချယ်ပေးရန် ညွှန်ပြထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီး)
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများအနေဖြင့် နံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း ၊ ပြသရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းကြောင့်လည်းကောင်း ၊ လူစုလူဝေးကြောင့် COVID-19 ရောဂါကူးစက်မှုမှကာကွယ်ရန်အတွက်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ online booking စနစ်ကို စတင် စမ်းသပ်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အချိန်စာရင်းပါ အထူးကုပြင်ပလူနာဌာနများတွင်စတင် စမ်းသပ်သုံးစွဲသွားမည်ဖြစ်သောကြောင့် Viber (သို့မဟုတ်) Facebook Messenger (သို့မဟုတ်) caremebot application မှတဆင့် ကြိုတင်စာရင်းပေးခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)