Connect with us

Myanmar

YBS ခရီးသည်တင်မော်တော်ယာဉ်များအတွက် အထူးယာဉ်မောင်းသင်တန်း ဖေဖော်ဝါရီ လတွင် ဖွင့်လှစ်မည်

YBS ပေါ်မှ ဆင်းလာသောခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

YBS ခရီးသည်တင်မော်တော်ယာဉ်များတွင် ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်လိုသူများအတွက် အထူးယာဉ်မောင်သင်တန်းကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

“အခုလိုဆောင်ရွက်ရတဲ့ရည်ရွယ်ချက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်းကောင်းတွေ မွေးထုတ်ပေးဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ဖြစ်တာပါ။ YBS ယာဉ်မောင်းတွေပဲ မဟုတ်ဘူး အပြင်လူလည်း တက်လို့ရပါတယ်။ ကန့်သတ်ချက်ကတော့ ခ လိုင်စင် ၃ နှစ်ပြည့်ပြီးဖြစ်ရမယ်။ ဃ လိုင်စင်တို့ င လိုင်စင်တို့လည်း ရတယ်။ အသက် ၂၅နှစ်လောက်ဆို တက်လို့ရပါပြီ’’ ဟု ၎င်းကပြောသည်။

သင်တန်းအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တို့ ပူးပေါင်းဆောင်ရွက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသားဦးရေ ၁၅၀ သတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် ယခုကဲ့သို့ အထူးယာဉ်မောင်းသင်တန်းများအား ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဇန်နဝါရီ ၂၇ ရက်တွင် YBS ယာဉ်လိုင်း-၉၈လိုင်းပြေးဆွဲခဲ့ပြီး ယာဉ်စီးရေ ၂၈၄၂စီး၊ ခရီးသည် ၅၇၈,၁၇၆ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117