Education & Health
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတွင် ယနေ့ မတ် ၃၁ ရက်၌ တပြိုင်တည်း စတင်ကျင်းပလျက်ရှိ

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ မတ် ၃၁ ရက်၌ တပြိုင်တည်း စတင်ကျင်းပလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးဌေးနောင်က ဆင်ဟွာသို့ ယနေ့ မတ် ၃၁ ရက်တွင် ပြောကြားသည်။

မြောက်ဒဂုံမြို့နယ်၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဖြေဆိုပြီး ထွက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

“ဒီနှစ်အတွက်တက္ကသိုလ်ဝင်စာ မေးပွဲအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး နဲ့ နိုင်ငံခြားစာစစ်ဌာန အပါအဝင် ကျောင်းသား၊ကျောင်းသူ ၃ သိန်းကျော် ကဖြေဆိုဖို့ စာရင်းပေးထားပါတယ်။ အခု စာစစ်ဌာနပေါင်း ၁၂၅၆ခုမှာ ဖြေဆိုနေကြပါတယ်။’’ ဟု ၎င်းက ဆိုသည်။
စာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်ရှိပြီး ပြင်ပမှ ဖြေဆိုသူအရေအတွက် တစ်သိန်းကျော်ရှိကြောင်း ၎င်းကဆက်ပြောသည်။
မတ် ၃၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၁ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သချာင်္ဘာသာ ဖြေဆိုမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်ထားရှိမည် ဖြစ်ကြောင်း၊ ဧပြီ ၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ အားဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။
“အခုစာမေးပွဲက မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ခရိုင်ပေါင်း ၇၁ ခုမှာစစ်ဆေးနေတာပါ။ ကျွန်တော်တို့ ကလေးတွေ အေးချမ်းစွာ စာမေးပွဲဖြေနိုင်ဖို့ လုံလောက်တဲ့ အစောင့်အရှောက်တွေစီစဉ် ပေးထားလို့ ကလေးတွေအနေနဲ့ စိတ်မပူဘဲ အေးချမ်းစွာဖြေဆိုကြပါ။ကလေးတွေ လုံလုံခြုံခြုံဖြေဆိုနိုင်ဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ ဌာနဆိုင်ရာတွေ နဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်ထားပါတယ်။’’ ဟု ဦးဌေးနောင်က ဆင်ဟွာသို့ ဖြည့်စွက်ပြောကြားသည်။ (Xinhua)