Connect with us

Myanmar

(၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပ

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်နေပုံမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ဘုရင့်နောင်စစ်ကြောင်း၊အောင်ဇေယျစစ်ကြောင်း၊ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့သည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာစွာချီတက်ခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်နေပုံမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်နေပုံမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ရက်) နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်နေပုံမြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအခမ်းအနားတွင် တပ်တွင်းစည်းလုံးရေးအရေးကြီးကြောင်း၊ တပ်မတော်ပြိုကွဲအောင် ပြည်တွင်းပြည်ပလုပ်ဆောင်မှုများရှိသဖြင့် တပ်မတော်သည် ကျစ်လစ်ခိုင်မာသော တပ်တွင်းစည်းလုံးညီညွတ်ရေးအမြဲရှိရန်လိုအပ်ကြောင်း၊ တပ်တွင်းစည်းလုံးရေးအမြဲတည်တံ့ခိုင်မြဲရန်အတွက် ချမှတ်ထားသော စစ်သည်တော်ကျင့်ဝတ်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်သွားကြပြီး တပ်မတော်သားများနှင့် မိသားစုဝင်များသည် မှန်ကန်သောအသိအမြင် ယုံကြည်ချက်၊ ခံယူချက်တူညီစွာဖြင့် ရဲဘော်ရဲဘက်စိတ်ထားပြီး စည်းလုံးညီညွတ်စွာနေထိုင်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

” တပ်မ တော်အ နေနဲ့ ထာဝရငြိမ်းချမ်း ရေး ရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့ တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်း တွေကို အား ပေး ထောက်ခံတဲ့ အဖွဲ့ တွေကလွဲလို့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေး နွေးသွားမှာဖြစ်သလို လက်မှတ် ရေးထိုးထားခြင်းမရှိ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်း ရေး တွေ့ဆုံ ဆွေး နွေးပွဲ တွေ ပြုလုပ်သွားမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ပြည်သူများနှင့် ကျန်းမာ ရေး၊ ပညာ ရေး၊ အုပ်ချုပ် ရေးဝန်ထမ်းများကို သတ်ဖြတ် ပြီး အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ ဘဝလုံခြုံ မှုကို ခြိမ်း ခြောက် နေသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ထောက်ပံ့ နေသည့်အဖွဲ့များကို တွေ့ဆုံ ဆွေး နွေးမည်မဟုတ်ဘဲ နိုင်ငံတည်ငြိမ် အေးချမ်းသည်အထိ နှိမ်နင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအ နေနှင့် အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းများကို ကူညီ ထောက်ပံ့မှုများ မလုပ်ကြရန်နှင့် ဥပ ဒေ ဘောင်အတွင်း၌ နေထိုင်ကြရန် တိုက်တွန်းလို ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

(၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိစစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ) အထူးစစ်ဆင်ရေးအဖွဲ့(Navy SEALs)၊အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားအဖွဲ့ဝင်များ၊ တပ်မတော်(ရေ) ယန္တရားအဖွဲ့ဝင်များ၊ တပ်မတော်လေမှ လေယာဉ်၊ရဟတ်ယာဉ်များ ပါဝင်ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။(Xinhua)