Agriculture
မြန်မာနိုင်ငံတွင် မြေအမျိုးအစား ၂၄ မျိုးအနက် ၉ မျိုးသာ စိုက်ပျိုးရေးလုပ်ငန်း များအတွက် အဓိကထား လုပ်ကိုင်လျက် ရှိ
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် လေ့လာ တွေ့ရှိချက် များအရ မြေအမျိုးအစား ၂၄ မျိုးအနက် ၉ မျိုးသာ စိုက်ပျိုးရေးလုပ်ငန်း များအတွက် အဓိကထား လုပ်ကိုင်လျက် ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးပညာပေးရေး ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် မြေအမျိုးအစား ၂၄ မျိုးရှိ၍ အများဆုံး စိုက်ပျိုးရေး လုပ်နိုင်သည့်မြေမှာ ကိုးမျိုးရှိကြောင်း၊ နီညိုတောမြေ၊ ဝါညိုတောမြေ၊ ဂဝံမြေ စသည့် မြေအမျိုးအစား သုံးမျိုးမှာ မိုးများသည့် ဒေသတွင်း ရှိကြောင်း ဆိုသည်။
မြေနီသဲဝန်း၊ မြေဝါသဲဝန်းနှင့် စနယ်မြေ များသည် မိုးခေါင်သည့် ဒေသများ၊ ရေရှားသည့် ဒေသများတွင် တွေ့ရပြီး ထူးခြားမှု လက္ခဏာအဖြစ် ဆားပေါက်ခြင်း၊ ဆပ်ပြာ ပေါက်ခြင်းများ ဖြစ်ပေါ်ကြောင်း နှင့် သိပ္ပံ ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်များ အရ မြေသည် ရှစ်နာရီ တစ်ကြိမ် မြေဆီလွှာ ပြောင်းလဲလျက် ရှိကြောင်း သိရသည်။
မြေဆီလွှာတွင် စိုက်ပျိုးရန် မြေဆွေးဓာတ် ၁. ၅ မှ ၂ ရာခိုင်နှုန်း ရှိမှသာ သီးနှံအထွက် ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း သိရသည်။ သီးနှံပင်များ စိုက်ပျိုးချိန်တွင် မြေကြီးအတွင်းမှ မြေဆီများကို သစ်ပင်များက စုပ်ယူစားသုံး သွားသည့်အတွက် တောင်သူများ စိုက်ပျိုးသော မြေများထဲတွင် အာဟာရဓာတ်များ တဖြည်းဖြည်း လျော့နည်းလာကာ စပါးရိတ်သိမ်း ရာတွင် နိုက်ထရိုဂျင်ဓာတ် ၄ဝ ရာခိုင်နှုန်း၊ ဖော့စ်စပရပ် ၃ဝ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၈ဝ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် ၄ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း ထုတ်နုတ်ယူ သွားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)