Connect with us

Agriculture

နွေသီးနှံပေါ်ချိန် လာမည့် မိုးရာသီကာလအတွက် အရန်မျိုးစေ့များကို ကြိုတင် စီမံ စုဆောင်း ထားရှိကြရန် အသိပေး နှိုးဆော်

မြန်မာ့လယ်ယာမြေ မြင်ကွင်းတစ်ရပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ)

ယခုနှစ် နွေသီးနှံပေါ်ချိန်တွင် မိုးရာသီကာလ ရေကြီးရေလျှံ ဖြစ်လေ့ဖြစ်ထ ရှိသော ဒေသများသည် လာမည့် မိုးရာသီကာလအတွက် အရန်မျိုးစေ့များကို ကြိုတင် စီမံ စုဆောင်း ထားရှိကြရန် လိုအပ်မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားသည်။

ရာသီဥတုကြောင့် သီးနှံများ ပျက်စီး ဆုံးရှုံးမှု ရှိလာသည့် ကာလတွင် နိုင်ငံ၏ စားရေ ရိက္ခာ ထုတ်လုပ်မှုကို မထိခိုက်စေရေး အတွက် အချိန်မီ အချိန်ကိုက် ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ကြရန် ၊ လိုအပ်သော အရန်မျိုးစေ့များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် စီမံချက်များဖြင့် မြို့နယ် အသီးသီးတွင် ကြိုတင် စီမံ စုဆောင်း ထားရှိကြရန် နှိုးဆော်ထားသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ယခင်နှစ် မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စပါးစိုက် လယ်မြေများ ရေနစ်မြုပ်ခြင်း ၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် အချိန်မီ ပြန်လည် စိုက်ပျိုးရေး အတွက် မျိုးလုံလောက်မှု မရှိသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.