Connect with us

Agriculture

အယ်လ်နီညို ရာသီ ၌ သက်တမ်းရင့် (စပါး၊ နှမ်း၊ ပဲတီစိမ်း ) မျိုးများ နေရာတွင် သက်တမ်းတိုပြီး အထွက်နှုန်း ကောင်းသော မျိုးစေ့များ အစားထိုး စိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ ပဲစိုက်ခင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့ လာနိုင်သော အယ်လ်နီညို ရာသီ၌ သက်တမ်းရင့် (စပါး၊ နှမ်း၊ ပဲတီစိမ်း ) မျိုးများ နေရာတွင် သက်တမ်းတိုပြီး အထွက်နှုန်း ကောင်းသော မျိုးစေ့များ အစားထိုး စိုက်ပျိုးနိုင်ရေး စီမံ ဆောင်ရွက် လျက် ရှိကြောင်း မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီးနှံစိုက်ပျိုးသည့် အခါ ရေနည်းနည်းသာ လိုမည့် သက်လျင်သီးနှံ (သက်တမ်းတို ရတနာတိုး၊ ရက် ၉ဝ စပါး) ပျိုးထောင်ပြီး စိုက်ရန်၊ ရေဖျား (မြောင်းဖျား) ရေရရှိနိုင်မှု နည်းပါးသည့် နေရာများ တွင်လည်း သက်တမ်းတို (နွေနှမ်း၊ ပဲတီစိမ်း၊ နေကြာ) သီးနှံမျိုးများကို ရွေးချယ်စိုက်ရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် တောင်သူ ပညာပေး စည်းရုံးခြင်းများ ဆောင်ရွက်လျက် ရှိပြီး အကျိုးဆောင် တောင်သူထံမှ ဝယ်ရင်းဈေး အတိုင်း မျိုးစေ့ပံ့ပိုးခြင်း နှင့် စိုက်ပျိုးရေး နည်းပညာ အကူအညီ ပေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆိုသည်။

ယခင်က နွေစပါး တစ်ဧက အတွက် ရေ (၆ ဧကပေ) အသုံးပြု သော်လည်း အယ်လ်နီညို ဖြစ်စဉ်တွင် ရေခန်းခြောက် နိုင်သည့် အတွက် နွေစပါး တစ်ဧကအ တွက် စိုက်ပျိုးရေ (၈ ဧကပေ) အသုံးပြုနိုင်ရန် ဆည်မြောင်း ဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.